ကျောင်းရဲ့ ဝရံတာမှာ hopeတို့က အပေါ်ကနေ ကျောင်းဝန်းထဲသို့ joneအိမ်က ကားဝင်လာတာတွေ့တာနဲ့ joneဆီကို အပြေးလေး သွားကြသည်။
"ကျောင်းမှာ ဂရုစိုက်နော် joneလေး"
"ဟုတ်ကဲ့ပါ ဦးjoon"
Namjoonက ခေါင်းညိတ်ပြုံးပြရင်း ကားကို မောင်းထွက်လာခဲ့သည်။
အမေထွက်သွားပြီးနောက်ပိုင်း ဦးjoonကသာ ကျောင်းပို့ ကျောင်းကြိုလုပ်ပေးသည်။
joneက ဦးjoonမှာ အလုပ်တစ်ဖက်နဲ့မို့ မလုပ်ပါနဲ့ဆိုလည်း နွေးနွေးတဲ့ ဦးjoonကတော့ မိဘတွေထက်တောင် Joneကို ဂရုစိုက်ပေးခဲ့သည်။"ဟျောင့် Jkစောင့်လိုက်ရတာကွာ"
hopeတို့က joneအနားပြေးလာပြီး အူမြူနေတဲ့ မျက်နှာဘေးနဲ့ ပြောသည်။
"အင်း ဒီနေ့ နည်းနည်းနောက်ကျသွားတယ်"
"လာ မင်းကို ငါတို့မေးစရာရှိတယ်
ငါညက အိပ်လို့တောင် မပျော်ဘူး"hopeက joneလက်ကိုဆွဲကာ အခန်းဘက် ခေါ်လာခဲ့သည်။joneမှာကတော့ ကြောင်တောင်တောင်ပုံစံနဲ့ရယ် hopeခေါ်တဲ့နောက်ကိုသာ လိုက်လာခဲ့ရသည်။
"ကဲ ထိုင် "
joneလည်း ခုံပေါ်မှာထိုင်လိုက်ပြီး ဘာမေးမှာလဲဆိုတဲ့သဘောနဲ့ မှေးလေးပင့်ပြတော့....
"မနေ့က အမှန်မဟုတ်ဘူးမလား"
"ဘာကိုလဲ"
"မနေ့က မင်းပြောတာတွေလေ"
joneလည်းနားမလည်လို့ မျက်ခုံးနှစ်ဖက်ကို စိတ်မရှည်သလို ကျုံ့ထားလိုက်တော့ yoonက ဝင်ထောက်သည်။
"မနေ့က မင်းနှလုံးသားလှလှလေးကို
ပြောနေတာ jkလေးရယ်""အေး ဟုတ်တယ်
မင်းက ကွေးနေတာလား Jk""ကျနော်က ဘာလို့ကွေးရမှာလဲ"
"ဒါဆို ဘာလို့ မင်းနှလုံးသားက
ယောက်ကျားလေးလဲ""ကျနော် လူကြီးကို ချစ်တာက ပြသနာရှိလို့လား"
joneက ထိုသို့ပြောတော့ yoonက hopeကိုကြည့်လျက်ရယ်လိုက်သည်။
"မင်းချစ်တာက ပြသနာမဟုတ်ဘူး Jkရယ်
သူက မင်းလူကြီးကို ကွေးချင်နေတာက ပြသနာ"