လေအေးလေးတွေက ပြတင်းပေါက်လိုက်ကာလေးကနေ တဟူးဟူးဝင်လာတာကြောင့် Jiminမျက်လုံးလေးတွေကို ဖွင့်ကြည့်မိသည်။
သူကတော့ စောင်အထပ်ထပ်နဲ့ အိပ်ယာပေါ်ကျကျနနရှိနေပေမဲ့ အိပ်ယာဘေးမှာတော့ ကောင်လေးက ခုံတစ်ခုနဲ့ထိုင်ပြီး ခေါင်းကို အိပ်ယာပေါ်တင်ရုံနဲ့သာ အိပ်ပျော်နေသည်။
နာရီကြည့်လိုက်တော့ နံနက်သုံးနာရီတောင် ကျော်နေပြီး တစ်ညလုံး ဒီလိုပဲ အိပ်ပျော်နေတာလား။သူကတော့ အေးအေးဆေးဆေးပေမဲ့ ကောင်လေးက အားနာစရာကောင်းနေပြီ။
ပြတင်းပိတ်ဖို့ မေ့သွားတယ်ထင်တယ် လေတွေတိုက်နေတာကြောင့် စောင်တွေနဲ့သူတောင် အေးနေတာ ညအိပ်ဝတ်စုံလေးတစ်စုံနဲ့ ကောင်လေးဆို ပြောစရာမလိုတော့။မဖြစ်ဘူး၊ အိပ်ယာပေါ်မှာ သိပ်ရမယ်၊
"ကောင်လေး"
ခေါင်းခုအိပ်နေတဲ့ ကောင်လေးရဲ့လက်ကို ကိုင်လိုက်တော့ Jiminမျက်လုံးတွေ ပြူးကျယ်သွားရသည်။
တစ်ကိုယ်လုံး အေးစက်နေကာ ကောင်လေးလဲနိုးမလာပါ။"ကောင်လေး!ကောင်လေး!!"
မည်သို့ပင် လှုပ်နှိုးနှိုး နိုးမလာတဲ့ ကောင်လေးကြောင့် Jiminခေါင်းနပန်းတွေ ကြီးသွားသည်။ဘာလုပ်ပေးရမလဲဆိုတာ မသိတာကြောင့် ကောင်လေးကိုသာအိပ်ယာပေါ်အရင်တင်ပြီး စောင်တွေအထပ်ထပ်ခြုံထားလိုက်သည်။
ဘဝမှာ တစ်ခါမှ နေမကောင်းတဲ့သူကို ဂရုစိုက်မပေးဖူးတာကြောင့် အခြေခံလုပ်နည်းလောက်ကိုလဲ Jiminမသိပါ။ကိုယ်ကလည်း နေမကောင်းဖြစ်ခဲတဲ့အတွက် ဘာတွေလုပ်ပေးရတယ် ဘယ်လိုတွေလုပ်ရတယ်ဆိုတာ မမြင်ဖူးပါ။အေခုကအခြေအနေလဲ မကောင်း၊ကောင်လေးက တကိုယ်လုံးအေးစက်ပြီး သတိလစ်နေတာဖြစ်လောက်တယ်။ရင်ထဲမှာ ပူလဲပူနေသလို ကြောက်လဲကြောက်နေပါတယ်။
နောက်ဆုံးကြံရာ မရတဲ့အဆုံး အိမ်က jin hyungကိုသာ ဖုန်းဆက်ခေါ်ဖို့ သတိရလာသည်၊
jinhyungကို ခေါ်ရမယ်။ ကောင်လေးတစ်ခုခုဖြစ်သွားလို့ မရဘူး။ကောင်လေးက သူ့အတွက်အခုထိ လိုအပ်နေဆဲ။နှလုံးသားထက် ဦးနှောက်ကို ကြည့်တဲ့သူတို့သည်တစ်စုံတစ်ခုကြောင့် တစ်ချိန်ချိန်မှာ နောင်တွေနဲ့သာ ကျန်ရစ်ခဲ့တက်သည်။