3

133 9 0
                                    

အချစ်ဆိုတာ အသက်အရွယ်ထက် ရင်ထဲက ခံစားချက်နဲ့ တိုင်းတာကြတာလို့ ကျနော်ကတော့ ထင်သည်။

Hopeတို့အဖွဲ့ဟာ မျက်လုံးအပြူးသားနဲ့ Joneကိုထူးဆန်းတဲ့လူတစ်ယောက်လို ဝိုင်းအုံပြီးကြည့်လာကြသည်။

"ဘယ်က ကောင်မလေးလဲ
မင်းက ငယ်ငယ်လေးပဲရှိသေးတာ
ငါတို့ ခွင့်မပြုနိုင်ဘူးနော်"

hopeက အဲ့လိုပြောတော့ ခုနက Joneလေးရဲ့ ရှက်ပြုံးလေးတွေ မဲ့ကျသွားသည်။

ဒီကလေးကို ရည်းစားမထားစေချင်သေးပါ။
အဖွဲ့ထဲမှာလဲ အငယ်ဆုံးမို့ အားလုံးက သူ့ကိုချစ်ကြတာကြောင့် ရည်းစားထားမှာကိုတော့ အားလုံးက လက်မခံချင်ကြ။လုံးဝမထားရဘူးလို့လဲ မဟုတ်ရယ်
အရွယ်ရောက်တဲ့ခါတော့ ထားရမှာပေါ့။
အဲ့အချိန်ကျရင် သူကကျနော်ချစ်သူပါလို့ လာကြွားတာနဲ့ တန်းပေးစားလိုက်ဖို့အတွက်လည်း ဝန်မလေး။

အခုကတော့ ငယ်လွန်းသေးသည်။

Joneမျက်နှာ မဲ့ကျသွားတာမြင်တော့ Hopeလက်အောက် yoon sum က Joneပုခုံးလေးကို ပုတ်ပေးကာ ပြုံးပြုံးလေးပြောလာသည်။

"ကောင်မလေးက ဘယ်ကလဲ
Jkလေးက ချစ်တက်သွားပြီပေါ့"

"သူက မနေ့ကမှ ဂျပန်က ရောက်တာပါ"

hopeကို မျက်ကွယ်ပြုပြီး Yoonဘက်ကိုလှည့်ကာသာ ပြောလာသည်။ဒီကလေးလေးက သိပ်ကို ချစ်စရာကောင်းတာပဲ။

"jk လေးတောင် ချစ်မိသွားရအောင်
သူကတော်တော်ချောလို့လား"

"အင်း အခါသင့်ရင်တော့ Hyungတို့နဲ့
သူ့ကို ဆုံပေးချင်ပါတယ်"

"ဆုံပေးလေ jkလေးအတွက်
hyungတို့က အမြဲတမ်းအားတယ်"

"ဟျောင့် yoon ကလေးကို မြှောက်ပေးမနေနဲ့"

"Jkလေးနဲ့ လိုက်မလိုက်တော့
hyungတို့ကိုဆုံးဖြတ်ခွင့်ပေးမယ်မလား"

ထိုခါ Joneဟာ ခေါင်းလေးမော့လာပြီး
ခေါင်းမရဲတရဲလေး ညိတ်ပြလာသည်။
ဒါကိုတော့ သူလက်ခံသည်ပေါ့။

"hyung တို့မနေ့ကတည်းက Jkမွေးနေ့အတွက်
လက်ဆောင်တွေ ပြင်ခဲ့ကြတာ
အိမ်ကိုတောင် Partyပေးဖို့ရောက်လာကြသေးတယ် ခြံတံခါးသော့ခတ်ထားတော့
အကြံတွေ မအောင်ခဲ့ဘူးရယ်"

❤မူး...💔Where stories live. Discover now