>>2<<

767 67 0
                                    


ခဏကြာတော့ သူ၏ ထိုင်ခုံဖော် သူငယ်ချင်း ဟွန်းမင်နှင့် ဂျင်ဟော့တို့က ပြန်ရောက်လာကြသည်။

ထို့နောက် အတင်းပြောလိုသည့် ပုံစံဖြင့် အနားနားကပ်ကာ လာကြည့်သည်မို့ သူ စိတ်လေသွားသလို ရယ်လည်း ရယ်ချင်၏။ ဘာကြောင့်ဆို ပြောလာမည့်စကားတို့ကို သူခန့်မှန်းမိနေ၍...

ဟွန်းမင်..."ဂျယ်ယွန်း မင်းသိလား? မင့်ပြိုင်ဘက်ကြီး အီဟီဆွန်း ဒီနေ့ပြန်လာပီကွ"

ထိုအခါ ဂျင်ဟော့ကပါ အားတက်သရော ဝင်ပြောလာသည်။

"ဟုတ်ပါ့။ ကျောင်းအုပ်ကြီးနောက်ကနေ ရုံးခန်းထဲ လိုက်သွားတာ ငါမြင်လိုက်တယ်။ ပြောတော့မှ အဲ့ကောင် ကွင်းဘက်ကို လှည့်ကြည့်၊ လှည့်ကြည့်နဲ့ ဘယ်သူ့ရှာနေမှန်း မသိဘူးနော်"

ဟွန်းမင် "မဟုတ်မှ သူ့ကောင်မလေးကိုများလား?"

ဂျင်ဟော့ " မဖြစ်နိုင်ဘူး။ အီဟီဆွန်းရုပ်က ဘယ်နားကများ puppy love ကို စိတ်ဝင်စားနေတဲ့ရုပ် ပေါက်လို့လဲ"

ဂျယ်ယွန်းမှာ ထိုနှစ်ကောင်အား
ဘာတစ်ခွန်းမှ ပြန်မပြောဖြစ်ချေ။ ပျင်းရိရိဖြင့်သာ နားထောင်နေလိုက်၏။

ဟွန်းမင်" သူ ဒီတစ်ခေါက် ဆုရမှာ ကျိန်းသေပဲ။ ဒါပေမယ့် ဘာအရေးလဲ ။ ငါတို့ ဂျယ်ယွန်းကလည်း နောက်တစ်ပတ်ဆို တစ်နိုင်ငံလုံးဆိုင်ရာ ရူပညဏ်စမ်းပွဲ ဝင်ပြိုင်ရတော့မှာဘဲလေ။ အဲ့တော့ သူတို့က တစ်ယောက်တစ်ဆုဘဲ။ အီဟီဆွန်းက ငါတို့သူငယ်ချင်းလေးကို ဘယ်နားမှ သာမနေဘူး"

ဂျင်ဟော့ "အမှန်ဘဲ။ ပီးတော့ မင်းလိုက်မလာတာ ကံကောင်းသွားတယ်။ မဟုတ်ရင် မင်းပြိုင်ဘက်ကြီးကို တွေ့နေရအုံးမှာ "

ဂျင်ဟော့၏ စကားကြောင့်
ရှင်းဂျယ်ယွန်း ရယ်ချင်မိသွား၏။ သူတို့သူငယ်ချင်းကဖြင့် အီဟီဆွန်းကို တွေ့ချင်လို့ အားကစားကွင်းထဲမသွားတော့ဘဲ ၊ အတန်းထဲမှာ စာလုပ်ရင်းစောင့်နေခဲ့တယ်ဆိုတာကိုတော့ သူပေးသိတော့မှာ မဟုတ်ဘူး။

"ဟိတ်ကောင်တွေ မင်းတို့ ငါ့ကိုဘယ်နှစ်ခါလောက်များ ပြောပြစေချင်တာလဲ။ သူနဲ့ငါက ပြိုင်ဘက်တွေမဟုတ်ဘူးလို့"

LOVE PLOSIVE [COMPLETED]Where stories live. Discover now