တစ်ခါတစ်ရံမှသာ ထွက်ပေါ်လာတတ်သည့် တစ်ဖျတ်ဖျတ်စာရွက်လှန်သံမှလွဲ၍
တိတ်ဆိတ်ငြိမ်သက်နေသော စာသင်ခန်းလေးတစ်ခု။သို့သော်လည်း ဆန့်ကျင်ဖက် အားကစားကွင်းဘက်တွင်မှ မကြာခဏဆိုသလို အားပေးသံ ဝိုးတဝါးတော့ မသဲမကွဲကြားရတတ်သည်။ ယခုချိန်သည် ကာယချိန်ဖြစ်၍ ကျောင်းသားအားလုံးက အားကစားကွင်းဘက်တွင် အနားယူရင်း အချိန်ကုန်နေကြသည်မှာ ထုံးစံပင်။ဆောင်းရာသီ၏ နေ့လည်ခင်းတွေသည် သိပ်ကို မြတ်နိုးနှစ်သက်ချင်စဖွယ်ပင်။ ချမ်းအေးလှသည့် အချိန်၌ ဖြာကျပေးထားသော နေခြည်နွေးနွေးက လူတို့အတွက် သက်သောင့်သာသာ ရှိစေကာ လန်းဆန်းတက်ကြွစေ၏။ ထို့အပြင် ဒီနေ့ကား အရင်ရက်တွေထက်ကို ရာသီဥတုလေးက သာယာနေသောကြောင့် လုပ်နေကျအလုပ်တို့အား ပုံမှန်ထက် ပိုမိုမြန်ဆန်သွက်လက်စွာ ပြီးမြှောက်စေသည့် စွမ်းအင်တွေပါ ပေးနေသယောင်ယောင်။
တိတ်ဆိတ်နေသော စာသင်ခန်းလေးထဲမှ ကောင်လေးတစ်ယောက်ကတော့ တခြားကျောင်းသားတွေလို အနားယူဖို့ တွေထားပုံမရ။ ဆောင်းလေအေး
တစ်သော့ကြောင့်ထင် လူးလွန်တတ်သည့် ခန်းစီးစလေးက ကောင်လေးအား ကျီစယ်နေသယောင် ခဏခဏ လာလာထိတွေ့တတ်၏။ သို့သော်လည်း ပြတင်းဘေးတွင်ဆက်ထိုင်လျက်ရှိသည့် ထိုကောင်လေးမှာ ပါးလွှလွှပိတ်စလေးအား လျစ်လျူရှူထားလေသည်။ သူ၏အညိုရောင် မျက်ဆံလေးတွေရဲ့ အားရုံစူးစိုက်မှု အလုံးစုံက ရှေ့မှ တစ်လက်မခန့်ထူသည့် ရူပဗေဒ ညဏ်စမ်းစာအုပ်ကြီးတွင်သာ နှစ်မြုပ်လို့ ထားလျက်။ဟူဒီအညိုရောင်အား ကျောင်းကုတ်အောက်မှ ဝတ်ထားကာ လေတစ်ဖြူးဖြူးကြောင့် အနည်းငယ် ချမ်းသည့်ထင် ခေါင်းစွတ်လေးပါ ဆောင်းထားလိုက်သေးသည်။ နဖူးထက်တွင်တော့ နဂိုထဲက အညိုဘက်သန်းနေသည့် ဆံစအနည်းငယ် ခပ်ဖွဖွလေး ကျနေ၏။ ကောင်လေး၏ အသည်းပုံစံ နှုတ်ခမ်းနီဖူးဖူးလေးကလည်း မကြာခဏဆိုသလို ကိန်းဂဏန်းတစ်ချို့ကို တိုဖွဖွ ရေရွတ်ရင်း၊ သူ့၏လက်သွယ်သွယ်တို့ကိုပါ စာရွက်ဖြူဖြူတို့ပေါ် လှပသည့် လက်ရေးလက်သားနှင့် ရှင်းလင်းတိကျစွာ မေးခွန်းတို့ကို ဖြေဆိုရန် အလုပ်ပေးထားသည်။ တစ်ခါတစ်ရံ ဘောပင်မှ ပေတံကို ပြောင်းကိုင်ရင်း၊ တစ်ခါတစ်ရံ ခဲဘောပင်နှင့် ထောက်ချွန်တို့ကို သုံးလျက် လိုအပ်သည့် ပုံတို့ကို ရေးခြစ်ရင်း။
YOU ARE READING
LOVE PLOSIVE [COMPLETED]
NouvellesHEEJAKE (Short Story) ^^Written In Burmese^^ Lee Heeseung♥Sim Jaeyun