အလုပ်ပိတ်ရက်ဖြစ်လို့ ဟီဆွန်းတစ်ယောက် အိမ်တွင် သူ့မိဘတွေအား အဖော်ပြုပေးရင်း အချိန်ကုန်ဆုံးဖြစ်၏။ သူတို့မိသားစုတစ်တွေက ဘယ်လောက်ဘဲ အလုပ်များများ အပတ်တိုင်း တစ်ရက်ရက်တော့ အမြဲအခုလို အိမ်၌ အတူတူအဖော်ပြုကာ ဖြတ်သန်းကြသည်။
အခုလည်း ဟီဆွန်းမှာ နေ့လည်စာစားကြပီးနောက် ဧည့်ခန်းထဲတွင် ရုပ်သံလှိုင်းတစ်ခုခုဖွင့်၍ စကားပြောနေကြသည့် မိဘနှစ်ပါးအတွက် မီးဖိုချောင်ထဲ အသီးနှစ်မျိုး၊သုံးမျိုးလောက် သေချာဆေးကြောကာ တစ်ကိုက်စာ အစိတ်လေးတွေကို စိတ်ရှည်ရှည် ပုံဖော်နေ၏။
အဟွန်း....သူ့ကလေးလေးလိုဘဲ ပါးနဲ့မားက ဖရဲသီးကို သိပ်ကြိုက်သည့်ထဲပါသည်။ ထိုအကောင်ပေါက်လေးအကြောင်း ခေါင်းထဲရောက်တာနဲ့ သူ့နှုတ်ခမ်းတို့ကတော့ အမြဲတစေ ကွေးညွတ်သွားတတ်ရစမြဲ။
သူက အသီးပန်းကန်အား ဂရုတစိုက်ကိုင်လို့ ဧည့်ခန်းဆီသွားတော့ အခုချိန်ထိ အကြင်နာပိုလွန်းသည့် သူ့ပါပါးက
မားအားပါးတစ်ဖက်ကို ခပ်ဖွဖွဆွဲလို့ စနောက်နေ၏။ သူ့ခဗျာ အခုလိုမျိုး စိတ်တူကိုယ်တူအမြဲအတူ အချစ်မပျက် နွေးထွေးလွန်းသော ဇနှီးမောင်နှံကို မြင်ရတိုင်း ပျော်ရွှင်ကြည်နှုးရသလို ၊တစ်ဖက်တွင်တော့ အားကျလွန်းပီးရင်း အားကျနေရပေမယ့် ဘာမှမလုပ်နိုင်သေးတာကို တွေးမိတိုင်း စိတ်ရှည်ရှည်ထားဖို့ အောင့်အီးသည်းခံနေခဲ့ရသည်။ဒါပေမယ့် အခုတော့ အောင့်အီးသည်းခံရမည့် နေရက်တို့က ကုန်ဆုံးသွားတော့မည်။ သိပ်မကြာသောအချိန်တွင် သူသည်လည်း သူ့အပိုင်လေးနှင့် မခွဲမခွာ အတူတူနေနိုင်တော့မည်ဘဲလေ။
"ကဲ ကျီစားနေတာတွေ ရပ်ပီး အသီးစားလို့ရပါပီဗျာ"
သူက ထိုသို့ပြောရင်းဝင်ထိုင်တော့မှ ပါးက တဟားဟား ရယ်ရင်း စနေတာကို ရပ်တန့်တော့သည်။ တစ်ကယ်ပါဘဲ။ သူ့ဇနီးလေးကဖြင့် အသက်ဘဲ ငါးဆယ်နား ကပ်နေပြီ။ အခုထိ ကလေးလို့များတွေးနေတာလား။ ပါးဆွဲလိုက်၊ ခေါင်းကိုခပ်ဖွဖွပုတ်လိုက်နဲ့။
ပြောလို့သာပြောရသာ။ ဟီဆွန်း၏ မေမေက သိပ်ကိုအရွယ်တင်ကာ ယခုထိ ချောမောသွက်လက်နေတုန်းပင်။
ထို့ကြောင့်လည်း အသက်ဆယ့်ငါးနှစ်လောက်ငယ်မည့် အန်တီLavender က အမ၊အမနဲ့ ပါးစပ်ဖျားကမချတာဖြစ်ရမည်။
YOU ARE READING
LOVE PLOSIVE [COMPLETED]
Short StoryHEEJAKE (Short Story) ^^Written In Burmese^^ Lee Heeseung♥Sim Jaeyun