အချိန်တွေကုန်လွန်တာက သိပ်မြန်လွန်းလို့ မျက်စိတစ်မှိတ်လေးဘဲ ကြာသည်ဟုတောင် ဟီဆွန်းထင်နေမိ၏။ ဒီနေ့က သူတို့ရဲ့ ကျောင်းသားဘဝနောက်ဆုံးရက်လေးဖြစ်သည်။ စာမေးပွဲတွေလည်း ပြီးဆုံးသွားပြီ ဖြစ်သလို လောကကြီးအကြောင်း ပို၍ထဲထဲဝင်ဝင်လေ့လာဖို့ အချိန်ပိုရလာတော့မည်။
စိတ်ဝင်စားဖို့ကောင်းသလောက် သူမပျော်နိုင်ပေ။ ပုံမှန်ကျောင်းသားတွေလို စာဆိုသည့် ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားလို့ ပျော်ရကြေးဆိုရင်တော့ ဒါက သူရော၊ ရှင်းဂျယ်ယွန်းအတွက်ပါ စကားထဲထည့်ပြောစရာလိုနေသည့် ကိစ္စမှ ဟုတ်မနေဘဲ။
သေချာပေါက်ကို အမှတ်မြင့်မြင့်နှင့် သူတို့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မည်က ဘယ်သူ့မှသွားမေးနေစရာမလို။ ဒီနေ့က စာမေးပွဲနောက်ဆုံးနေ့ဖြစ်၍ ဆေးရုံက စောစောအလုပ်ဆင်းလာသည့် ပါးနှင့်မားက သူတို့နှစ်ယောက်အား အတူလာကြိုကြသည်။ ပီးနောက်တော့ ကျောင်းပြီးဆုံးသွားသည့် အထိမ်းအမှတ်အနေဖြင့် အန်တီ Lavender က စားသောက်ပွဲလေး လုပ်ပေးဖို့ အစကတည်းက စီစဉ်ထား၍
ဂျယ်ယွန်း၏ အိမ်သို့သာ ကားလေးကို
ဦးတည်ခဲ့ကြ၏။ကားပေါ်တွင်တော့ ဂျယ်ယွန်းနှင့် မေမေက စကားကောင်းနေကြသည်။ ကားမောင်းနေသည့် ပါးကလည်း ပြုံးပြုံးနှင့် နားထောင်ကာ မကြာခဏဆိုသလို တက်တက်ကြွကြွ စကားဝင်ပြောတတ်သေးသည်။ ဒါပေါ့.......မပျော်နိုင်သည့်သူကတော့
အီဟီဆွန်းသာ။ရှင်းဂျယ်ယွန်းက တစ်ခြားလူတွေအပေါ်ဆို အနေအေးကာ ၊ စကားသိပ်ပြောလေ့မရှိသော ကောင်ငယ်လေးပေမယ့် သူ့မေမေ၊ ဖေဖေနှင့် သူ့(ဂျယ်ယွန်း)မိသားစုတို့အပေါ်တွင်တော့ စကားတွေတတွတ်တွတ်ပြောကာ၊ ချွဲတတ်သည့် ချစ်စဖွယ်ကောင်လေးလေး ဖြစ်သည်။
ထိုထဲတွင် ဟီဆွန်းကတော့ တခြားသူများနှင့် တန်းတူအေးစက်စက်ဆက်ဆံမခံရပေမယ့်လို့ သူ့မိဘတွေ၊ ဖွားဖွား Rosi တို့တွေအပေါ်လို ဆက်ဆံသလိုမျိုးလည်း မဟုတ်ပေ။ ထိုကောင်ငယ်လေးက သူ့ကိုကျ ဘာလို့မချွဲရတာလဲ။
သူ့အနား၌ တတွတ်တွတ်စကားတွေပြောပြီး ၊ ချစ်စဖွယ်ကောင်းအောင် နေတယ်ဆိုတာက သူတော်တော်ကို ကံကောင်းလွန်းသည့် နေရက်များ၌သာ ရနိုင်လိမ့်မည်။ ထိုရက်များကလည်း လက်ချိုးရေလို့တောင်ရပါ၏။ထို့ကြောင့် သူ့မှာ ကျန်သည့်သူများအား အမြဲတမ်းအားကျနေရရှာသည့် သနားစရာ လူငယ်လေး ဖြစ်နေသည်။
YOU ARE READING
LOVE PLOSIVE [COMPLETED]
Short StoryHEEJAKE (Short Story) ^^Written In Burmese^^ Lee Heeseung♥Sim Jaeyun