ဒီနေ့တော့ ကောင်းကင်က ကြည်လင်ပီး ရာသီဥတုက သိပ်ကို သာယာနေသည်။ အရင်နေ့တွေက မိုးတဖွဲဖွဲ ရွာနေတတ်ခဲ့ပေမယ့် ယခုကျ တိမ်တွေကင်းစင်လို့ နေခြည်အား အပြည့်အဝခံစားနိုင်ပြီ။ မနက်ပိုင်းဖြစ်လို့ အပူချိန်က အနေတော်လေး ဖြစ်နေပီး လေညင်းလေးကပါ တစ်ချက်တစ်ချက် တိုက်ခတ်တတ်၍ ချစ်စရာကောင်းသော နေ့လေးပင်။
လမ်းကြားလေးတွေက ကျဥ်းမြောင်း၍ ကားဝင်ဆန့်ဖို့ရာ မတတ်နိုင်တော့ ဟီဆွန်းက လမ်းလျှောက်၍သာ လာခဲ့လိုက်သည်။ Warmwarm ပရောဂျက်နှင့် တရားဝင် လက်တွဲလုပ်ဆောင်တော့မှာဖြစ်၍ သူ့ဘေးတွင် ကုမ်မဏီ၏ အတိုင်ပင်ခံရှေ့နေ့ကပါ ဘေးချင်းကပ်လျက် ပါလာ၏။ ကျန်တဲ့ သူတွေတော့ ထပ်မပါတော့ပေ။
ရင်းနှီးမြုပ်နှံသူတွေ သူရ၊ ကိုယ်ရဖို့ အပြိုင်အဆိုင် ယှဥ်ပြိုင်ခဲ့ကြသည့် ပရောဂျက်ကြီးကို သူတို့ CEO အီဟီဆွန်းကတော့ နှစ်ခါတောင် မကမ်းလှမ်းရဘဲ သဘောတူညီချက်ရရှိခဲ့သည်လေ။ ဒါပေါ့။ သေချာပေါက်ကို ဘုတ်အဖွဲ့ဝင်တွေခဗျာ ပျော်လွန်းလို့ မျက်ရည်တောင်ကျချင်မိတဲ့အထိ။ ဒီ ပရောဂျက်ရဲ့ စျေးကွက်က အနာဂတ်မှာ ဘယ်လောက်တောင် တန်ဖိုးမြင့်တက်လာမလည်းဆိုတာ သူတို့ မသိစရာအကြောင်းမှမရှိဘဲ။
ထို့ကြောင့် အစည်းအဝေးမှာကတည်းက ဒီဆုံးဖြတ်ချက်ကို ငြင်းဆိုကန့်ကွက်မဲ့သူ တစ်ယောက်မှမပေါ်ခဲ့တာပေါ့။ ပီးတော့လည်း သူတို့၏ အသက်ငယ်ရွယ်ပေမယ့် ထက်မြက်လှသည့် CEO လေးရဲ့ အရည်အချင်းတွေကို သံသယမရှိ အပြည့်အဝယုံကြည်ပီးသားလေ။ တရားဝင်ပူးပေါင်းဆောင်ရွက်မှုအတွက် လက်မှတ်ထိုးဖို့ကိုတော့ ဟိုဘက်က သူတို့ဆီမှာဘဲ လုပ်ရန်ကမ်းလှမ်းလာတုန်းက အခါတိုင်းဆို သူကိုယ်တိုင်သိပ်သွားလေ့သွားထမရှိသည့် CEO က သူနှင့်ရှေ့နေဂန် နှစ်ယောက်တည်းသာ သွားမည်ဟု ပြောသည့်အချိန် သူတို့အားလုံး အံ့သြခဲ့ကြရသေးသည်။
ဒီအသက်အရွယ်လေးနှင့် တစ်ခြားလူငယ်တွေနှင့်မတူ သူ့ပါးနှင့်မားအား သိပ်ဂရုစိုက်ကာ စောင့်ရှောက်ပြုစုတတ်သည့်
ထိုဘော့စ်က နိုင်ငံရပ်ခြားသို့ သွားရမည့်ကိစ်တွေဆို တော်ရုံနှင်တော့ သူကိုယ်တိုင်သွားလေ့မရှိတတ်။ အများစုမှာ သူ့ သူငယ်ချင်းတစ်ဖြစ်လဲ co-partner
ဂျွန်ထယ် ကိုသာ သွားရောက်စေတတ်ပီး သူကိုယ်တိုင်ကတော့ ရုံးချုပ်တွင်သာ နေကာ စီမံဆောင်ရွက်သည်။ ယခုကျ သူကိုယ်တိုင်က သွားပါမည်ဟု လိုလိုလားလားကြီး အရင်ထပြောလာတော့ ဘုတ်အဖွဲ့ဝင်တွေသာမက ဂျွန်ထယ် ကပါ ပါးစပ်အဟောင်းသား။
YOU ARE READING
LOVE PLOSIVE [COMPLETED]
Cerita PendekHEEJAKE (Short Story) ^^Written In Burmese^^ Lee Heeseung♥Sim Jaeyun