>>8<<

494 50 2
                                    

တစ်ထပ်တိုက်အပုလေးတွေ အများစုသာ သီးခြားတည်ရှိနေတဲ့ ရပ်ကွက်လေးတစ်ခု။ အနီရောင် သွပ်အမိုးဖြင့် မိုးကာထားသည့် အိမ်လေးတွေမှာ အားလုံးက ဆင်ဆင်တူစွာ။ လမ်းကြိုးလမ်းကြားလေးတွေပါမကျန် မြေသားဟူ၍ မမြင်ရဘဲ အုပ်နီနီတို့သာ ခင်းထား၏။

အိမ်တစ်အိမ်နှင့် တစ်အိမ်မှာလည်း ဝန်းဟူ၍ ခတ်ထားခြင်းမရှိ။ နီးနီးကပ်ကပ်တည်ရှိနေကြသည်မှာ ကိုယ့်အိမ်တံခါးက ထွက်လိုက်သည်နှင့် မျက်နှာချင်းဆိုင်အိမ်ကို သုံးလမ်းမျှ လမ်းရုံလောက်နှင့်တောင် ရောက်နိုင်သည်။

မြေသားမရှိ၍ စိမ်းစိုစိုအပင်တို့က ကြီးမားထည်ဝါစွာ ပေါက်ရောက်နိုင်ခြင်းတော့ မရှိပေ။သို့သော်လည်း အိုးမျိုးစုံတို့တွင် ထည့်စိုက်ခံထားရသည့် ပန်းပင်၊ သစ်ပင်မျိုးစုံတို့က ပိုင်ရှင်တို့၏ ဂရုစိုက်မှုကောင်းမွန်မှုကြောင့် ဖြစ်လိမ့်မည်။ လှပဝေဆာစွာ ရှင်သန်ဖူးပွင့်ရင်း တစ်နှီးတစ်ဖုံဖြင့် ဝန်းကျင်သေးသေးလေးကို အလှဆင်နေကြသည်။

တစ်အိမ်နှင့်တစ်အိမ်ကြား နီးကပ်လွန်းသည့် တည်ဆောက်မှုကြောင့် ဆူညံသံများဖြင့် စိတ်ညစ်ရသည်ဟူ၍ကား မရှိပေ။ အများစုမှာ အသံလုံစနစ် ပါပီးသားပင်။ ထိုသို့မဟုတ်လျှင်တောင် ဒီရပ်ကွက်လေးရှိ လူများမှာ အော်ဟစ်ဆူညံနေရိုးထုံးစံမရှိ၍ နေ့ရက်တိုင်းက တိတ်တိတ်ဆိတ်ဆိတ်နှင့် အေးအေးချမ်းချမ်း။

တစ်ခုသော အိမ်ရှေ့ရှိ မြေနီအုတ်ခင်းထားသော မျက်နှာစာ၌ စက်ဘီးတစ်စီး ရပ်လို့ထား၏။ အပြင်တံခါးမျက်နှာပြင်တွင် Bonvoyage ဟုရေးထိုးထားသော ဘဲဥပုံစံ ချောမွတ်နေသည့် သစ်သားဆိုင်းဘုတ်လေးကို ချိတ်ထားသည်။ ခပ်စောင်းစောင်းရေးထားသည့် ရိုးရှင်းလှသော စကားလုံးဘေးတွင်တော့ အမှတ်တံဆိပ်ဟု သတ်မှတ်နိုင်လေဟန်ရှိသည့် သမင်ပုံလေးတစ်ပုံက ချစ်ဖို့ကောင်းစွာ ဟန်ချက်ညီနေလျက်။

​ဂျေး တစ်ယောက် တံခါးလက်ကိုင်အား အသာတွန်းဖွင့်ရင်း အထဲသို့ ဝင်လာခဲ့လိုက်သည်။ လက်တစ်ဖက်တွင်ကား
အမေရိကာနို သုံးခွက်နှင့် တံခါးလှည့်ဖွင်ရသည့် လက်တွင်တော့ အမျိုးအစားမတူသည့် ကိတ်သုံးစိတ်ထည့်ထားသော အထုပ်တွေကို ကိုင်ထားရင်း။ ဟူး.....ဘာလို့
နေ့လည် အချိုပွဲအတွက်ဆို အပြင်ထွက်ဝယ်ရသည့် သူက အမြဲသူဘဲ ဖြစ်ရတာလဲ။

LOVE PLOSIVE [COMPLETED]Where stories live. Discover now