ကန်တင်းမှာ ဟိုနှစ်ကောင်နဲ့ နေ့လည်စာစားပီးနောက် ရှင်းဂျယ်ယွန်းတစ်ယောက် စာကြည့်တိုက်ကို ရောက်နေသည်။
အီဟီဆွန်းနှင့်တော့ ဒီနေ့ ထမင်း အတူတူမစားဖြစ်။နောက်ဆုံးနှစ်ရောက်နေတာတောင်၊ တက်ကသိုလ်ဝင်စာမေးပွဲကအရေးကြီးလွန်းလို့ စာကလွဲ၍ ဘာမှခေါင်းထဲထည့်စဥ်းစားချိန်မရှိတာတောင်မှ ထိုလူကတော့ဖြင့် ကျောင်းကောင်စီမှ နှုတ်မထွက်ခဲ့ဘဲ သူ့တာဝန်တို့ကို တက်တက်ကြွကြွထမ်းရွက်လျက် ရှိသေးသည်။ ယခုလည်း အစည်းအဝေးရှိ၍ နေ့လည်စာတောင် စားဖြစ်အုံးမှာ မဟုတ်ဘူးဆိုတာ သူသိနေ၏။
ပြောတော့မှဘဲ ဒီနေ့နေ့လည်ပိုင်းတစ်ချိန်လုံး သူတို့အတွက် စာသင်ချိန်မရှိ။ အကြောင်းမှာကား တခြားကျောင်းနှင့် သူတို့ကျောင်း၏ ဘတ်စကတ်ဘောပြိုင်ပွဲရှိသောကြောင့်ပင်။ အီဟီဆွန်းမပါ၍ သူအစကသွားမကြည့်ဖို့လုပ်ထားပေမယ့်၊ သူ့ချစ်သူငယ်ချင်းနှစ်ယောက်က အတင်းဖိတ်ခေါ်မဲဆွယ်ကာ သူတို့နှစ်ယောက်အား လာအားပေးဖို့ မရမက တိုက်တွန်းတောင်းဆိုထားသောကြောင့် သူခနနေကျ အားကစားကွင်းဘက်သို့ သွားရအုံးမည်။
စာကြည့်တိုက်က ဒီနေ့တော့ အရင်နေ့များထက် လူနည်းနေ၏။ နည်းသည်ဆို သူနဲ့မှ နှစ်ယောက်၊ သုံးယောက်လောက်ဘဲ ရှိသည်။ တစ်ချို့က အားကစားကွင်းဘက်သို့ အားပေးဖို့ ကြိုတင်သွားနေကြပီး၊ တစ်ချို့တစ်ဝက်ကျ နေ့လည်ပိုင်းအားလပ်ချိန်ဖြစ်သွားသောကြောင့် အိမ်ပြန်သွားကြသည်ဖြစ်မည်။
သူလည်း စာလုပ်ဖို့ နားထားလိုက်ပီး၊ အပီးမသတ်ရသေးသော Webtoon တစ်ပုဒ်အား လွယ်အိတ်ထဲမှထုတ်ကာ ဖတ်ဖို့ပြင်လိုက်၏။ သူက Game ဆော့ရတာမကြိုက်တဲ့ ကောင်လေးတစ်ယောက်ပေမယ့်၊ Webtoon ဖတ်ရတာတော့ စိတ်ဝင်စား၏။ အထူးသဖြင့် သဘာဝလွန်စွမ်းအားတွေနဲ့ စူပါဟီးရိုးဇာတ်ကောင်တွေပါသော Webtoon အမျိုးအစားတွေ၊ science fiction ဇာတ်လမ်းမျိုးတွေဖြစ်သည်။ သူ့အားလပ်ချိန်တိုင်း ဖတ်လေ့ရှိလို့ အကယ်၍များ အသစ်ထွက်သည့် ဇာတ်လမ်းအမျိုးအစားတွေရှိပါက
အီဟီဆွန်းက ထိုစာအုပ်တွေ ဝယ်ဝယ်ပေးတတ်သည်။
YOU ARE READING
LOVE PLOSIVE [COMPLETED]
Short StoryHEEJAKE (Short Story) ^^Written In Burmese^^ Lee Heeseung♥Sim Jaeyun