>>5<<

487 58 2
                                    

ရှင်းဂျယ်ယွန်းက ဂိမ်းဆော့ရတာ ဝါသနာမပါဘူးဆိုပေမယ့် မဆော့တတ်ဘူးလို့တော့ မဆိုလိုပါဘူး။ တစ်ခါတစ်လေ သူ webtoon တွေမဖတ်ချင်ဘဲ ပျင်းတယ်လို့ ခံစားရတဲ့အချိန်မျိုးဆို ဟီဆွန်းနဲ့အတူတူ ဂိမ်းကစားဖြစ်လေ့ရှိသည်။

အချိန်အများစုကတော့ ဆော့တတ်အောင် သင်ယူရင်းပေါ့။ အီဟီဆွန်းကလည်း စိတ်ရှည်ရှည်နဲ့ကို အသေးစိတ်သင်ပြပေး၏။ ထို့ကြောင့် သူ့လက်ရည်က စိတ်ဝင်စားခုံမင်လွန်းလို့ နေ့တိုင်းဆော့ပေမယ့် မကျွမ်းကျင်ကြရှာသော သနားစရာ ဟိုနှစ်ကောင်ထက်တော့ သာပါသေးသည်။

သူက ရှင်းဂျယ်ယွန်းဘဲလေ။ စိတ်မဝင်စားလို့သာ ပစ်ထားတာ။ ဒီလောက်ကောင်းတဲ့ ဦးနှောက်နဲ့ အသေးစိတ်သင်ပြပေးတဲ့သူ ရှိနေမှတော့ ဘာလို့များ ကောင်းကောင်းမွန်မွန် မဆော့နိုင်ရမှာလဲ။

အခုတော့ သူ့ကို အနိုင်ပိုင်းရန်အကြံနှင့်
ဂိမ်းဆော့ဖို့ တိုက်တွန်းခဲ့ကြသည့် ထိုနှစ်ကောင်မှာ အစကလို ဟန်ထုတ်ဖို့ဝေးစွ။ မျက်မှောင်တကုတ်ကုတ်နှင့် သည်းကြီးမည်း တိုက်ခိုက်နေကြရရှာတော့၏။

အမြဲတမ်းဂိမ်းဆိုင်ခေါ်တိုင်း မလိုက်ဘူးပြောပြီး ငြင်းလွတ်သည့်သူက အခုတော့ ပွဲတိုင်း ကြက်သားစားနေရတာကိုး။ သုံးပွဲနိုင်ပီး လေးပွဲမြှောက်ရောက်တော့ ထိုနှစ်ကောင်မှာ ချက်ချင်းကြီး ရပ်ပစ်လိုက်ကြ၏။ ပီးနောက် သူ့အား သေသေချာချာစိုက်ကြည့်လာကြသည်။

ရှင်းဂျယ်ယွန်းမှာ မရမက ဆော့ချင်နေခဲ့ကြသည့် နှစ်ကောင်က အခုကျ ရုတ်တရက်ကြီးရပ်ပစ်ပီး သူ့ကို မျက်မှောင်ကြီးတွေကုတ်ကာ ကြည့်နေကြသည့် အကိုကြီးနှစ်ယောက်အား ဘာလဲဆိုသည့် အထာဖြင့် နားမလည်ဟန် ပြန်ကြည့်ပေးလိုက်သည်။

ဘာတွေ အဲ့လောက်ကြည့်နေကြတာတုန်း။ ဂိမ်းလေးမနိုင်တာနဲ့တော့ စိတ်ရူးပေါက်သွားမျိုး မဖြစ်နိုင်ဘူးမို့လား။

ဟွန်းမင် " ရှင်းဂျယ်ယွန်း မင်းငါတို့ကိုပြောတော့ ဂိမ်းဆော့ရတာ မကြိုက်ဘူးဆို"

ထိုအခါ ဂျင်ဟော့ကပါ ခေါင်းကြီးညိမ့်၍ ထောက်ခံ၏။

"ငါ့ပုံစံက ဘယ်နားကများ လိမ်နေတဲ့ပုံပေါက်လို့လဲ"

LOVE PLOSIVE [COMPLETED]Where stories live. Discover now