>>3<<

522 55 0
                                    


အတွေးကိုယ်စီနဲ့ ငြိမ်သက်နေကြတဲ့ သူတို့နှစ်ယောက်က ခဏကြာသည်အထိ ဘယ်သူမှစပြီး စကားမပြောဖြစ်ကြပေ။ နောက်ဆုံးမှ ရှင်းဂျယ်ယွန်းဘေးက လူသည် သူ့ဘက်ကို လှည့်လို့ နှုတ်ဆက်လာခဲ့၏။

"ကိုယ်နာမည်က အီဟီဆွန်းပါ။ မင်းကို ကြည့်ရတာတော့ ကျောင်းသားသစ်လေးနဲ့ တူတယ်ရော"

ထိုကောင်လေးလေးက ပတ်ဝန်းကျင်ကို သေချာစွာ ဂရုတစိုက်ကြည့်ရှုနေသည်မို့ ကျောင်းသားသစ်မှန်း ဟီဆွန်းကောက်ချက်ချမိသည်။

"ဟုတ်တယ်။ ကျွန်တော်က Brisbane ကနေ ပြောင်းလာတာ။ ဒီမှာ အထက်တန်း ဒုတိယနှစ်တက်ဖို့"

လှည့်ကြည့်ရင်း မေးလာသူအား မျက်လုံချင်းဆုံအောင် ပြန်စိုက်ကြည့်ရင်း သူပြန်ဖြေလိုက်၏။ သိပ်ကြည့်ကောင်းလွန်းနေတဲ့သူကို ရှေ့မှာထားပီး မျက်နှာကြီးအောက်ငုံ့ချထားရအောင် သူမှရူးမနေတာ။

သူ့အဖြေကိုကြားတော့ တစ်ဖက်က အံသြသွားဟန် ပါးစပ်လေးအနည်းငယ် ပွင့်ဟလာသည်။ထို့နောက် ထပ်မံထွက်ကျလာသည့် နောက်မေးခွန်းတစ်ခု...

"တစ်ဆိတ်လောက် မင်းအသက်ဘယ်လောက်လဲ?"

ရှင်းဂျယ်ယွန်း နားလည်သည်ဟန်ဖြင့် သေချာလေး ပြန်ပြော၏။

"ကျွန်တော် (15)နှစ်ပြည့်ပါပြီ"

ထိုအခါမှ တစ်ဖက်က မအံသြတော့ပါဘူးလေ ဆိုသည့် အမူအရာမျိုးပြန်ဖြစ်သွားသည်။

"ကိုယ်ထင်သားဘဲ။ မင်းက ပုံမှန်ကျောင်းအသက်ထက် ငယ်နေတယ်။ ကြည့်ရတာ ညဏ်ကောင်းလွန်းလို့ ဖြစ်မယ်"

"အွန်း....။ KG တုန်းက ဆရာမက  ကျွန်တော့ကို အသက်မပြည့်ပေမယ့် အတန်းတက်ခွင့်ပေးခဲ့တယ်လေ။ ဘာကြောင့်ဆို အတန်းထဲမှာ ကျွန်တော်အငယ်ဆုံးပေမယ့်၊ အတော်ဆုံးကလည်း ကျွန်တော်ဖြစ်နေတာကို"

အသက် (16)နှစ် ပြည့်ပီးတဲ့ ဟီဆွန်းမှာ ယုံကြည့်ချက်အပြည့်နှင့် သူ့IQ မြင့်ကြောင်းပြောနေသည့် ဘေးမှ ကောင်ငယ်လေးကြောင့် သဘောတကျဖြင့်ခပ်ဖွဖွရယ်မိ၏။

ရှင်းဂျယ်ယွန်းကလည်း စိတ်မဆိုးဖြစ်ပေ။ ထိုရယ်သံလေးထဲမှာ သူ့ကိုလှောင်နေရိပ်များမှ စွက်မနေဘဲ။ ပီးတော့ သူကလည်း သူ့ကိုယ်သူတော်ကြောင်း ကြွားနေတာလည်း မဟုတ်ပါ။ အမှန်ကို အမှန်အတိုင်းပြောနေခြင်းသာ ဖြစ်သည်။

LOVE PLOSIVE [COMPLETED]Where stories live. Discover now