အချိန်လည်း မစောတော့၍ သူတို့မြေးအဖွားသုံးယောက် ညနေစာစားလိုက်ကြတော့သည်။ အန်တီ lavender ရဲ့ လက်ရာကတော့ အမြဲတမ်း သိပ်ကောင်းမွန်လွန်းသည်မှာ သံသယပင်မရှိ။ ထို့ကြောင့်
ဟီဆွန်းတစ်ယောက် နှစ်ပန်းကန်တောင် စားဖြစ်သွား၏။ ထို့အပြင် သူမအား နှုတ်မှလည်း တစ်ဖွဖွချီးကျူးပေးဖို့ မမေ့။Lavender ကတော့ တော်တော်သဘောကျနေ၏။ သူမက ငယ်ကတည်းက အချက်အပြုတ်ဝါသနာပါပီး ၊ အရသာအသစ်၊ ဟင်းပွဲအသစ်များအား စမ်းကြည့်ဖို့လည်း အမြဲတမ်း စိတ်အားထက်သန်နေတတ်သူပင်။ ထို့အပြင် သူမချက်သမျှအား အပြည့်အဝထောက်ခံအားပေးသည့် ဟီဆွန်းလေးနှင့် ဂျယ်ယွန်းလေးတို့နှစ်ယောက်ကို ချက်ကျွေးရတိုင်းလည်း အမြဲတမ်း ပျော်ရွှင်နေတတ်သည်။
ဖွားဖွား Rosi ကတော့ ပုံမှန်အတိုင်း နည်းနည်းပါးပါးသာ စားဝင်သည်။ သူမအသက်အရွယ်မှာ ထိုမျှစားသောက်သည်ကလည်း ပုံမှန်ဖြစ်ပြီး၊ များသောအားဖြင့် သူမ၏ သမီးက သူ့အတွက်ဆိုသီးသန့်သေချာလေး ဂရုတစိုက်ချက်ပြုတ်ပေးမြဲ။
စားသောက်ပီးနောက်တော့ ဟီဆွန်းက Layla လေးနှင့် လမ်းလျှောက်ထွက်ရန်ပြင်၏။ ထိုစဥ် ဖွားဖွား Rosi က နောက်မှ ခပ်သာသာ လှမ်းပြောလာသည်။
"သား ဖုန်းယူသွားအုံးနော်။ ဂျယ်ယွန်းနီးလေး ပြန်လာတာနဲ့ ဖွားဖွားဖုန်းတန်းဆက်ခိုင်းလိုက်မယ်။ အပြင်မှာ တစ်အားကြာကြာလည်း မနေနဲ့အုံး။ ရာသီဥတုက ပိုအေးလာပီ"
ဖွားဖွား Rosi ကထိုသို့ပင် သိပ်ကို ပါးနပ်လွန်းသည့် အမျိုးသမီးဖြစ်သည်။ သူနှင့် ဂျယ်ယွန်းတို့အား သူတို့နှစ်ယောက်ကိုယ်တိုင်ပီးရင် ၊ သူမကသာ အသိဆုံးဖြစ်ပေလိမ့်မည်။ တစ်ခါတစ်ရံဆို သူမက သူတို့ခံစားချက်တွေကိုတောင်မှ သိနေသည်ဟု ဟီဆွန်းမှာ သံသယဝင်မိတတ်သည်။
"ဟုတ်ကဲ့ ဖွားဖွား။ ခဏနေ ဆေးသေချာသောက်ဖို့ မမေ့နဲ့အုံးနော် ။ ဒါဆို ကျွန်တော် Layla လေးနဲ့ သွားလိုက်ပါအုံးမယ်"
သူက အပြုံးနွေးနွေးလေးနဲ့ ပြန်ဖြေတော့ သူမက သဘောတကျဖြင့် ခေါင်းညိတ်ပြရင်း ကျန်ခဲ့တော့၏။
YOU ARE READING
LOVE PLOSIVE [COMPLETED]
Short StoryHEEJAKE (Short Story) ^^Written In Burmese^^ Lee Heeseung♥Sim Jaeyun