Epilogue

1.1K 58 7
                                    

ထိုအချိန် ဂျယ်ယွန်းလည်း မနက်ဖြန် မနက် (10:00)နာရီလောက်တွင် ကိုရီးယားသို့ သွားရန် ရှိသဖြင့် လိုအပ်သည့် ပစ်စည်းများကို ထုပ်ပိုးပြင်ဆင်နေလိုက်သည်။ ခရီးတစ်ဖြစ်လဲ၊ အားလပ်ရက် (3)ရက်လောက်ပေါ့။ အဓိကက သူတို့ရဲ့ကျောင်းသားဟောင်းတွေ့ဆုံပွဲကို သွားဖို့ရန်ပါ။ ဒါက ကျောင်းပြီးသွားကတည်းက သူတို့နှစ်ယောက်လုံး တက်ရောက်ဖြစ်ကြသည့် ပထမဆုံးတွေ့ဆုံပွဲပင်။

ဟွန်းမင်နှင့်ဂျင်ဟော့ကလွဲ၍ သူငယ်ချင်းများများစားစား မရှိခဲ့သည့် သူကလည်း တကူးတကကြီး မသွားဖြစ်ခဲ့သလို၊ US မှာ ကျောင်းသွားတက်နေသည့် အီဟီဆွန်းကလည်း အထူးတလည် ပြန်မလာဖြစ်ခဲ့။
ဒါမှမဟုတ် ထိုသူပြန်လာသည့်
အချိန်တွေနှင့် တွေ့ဆုံပွဲက အကိုက်မဖြစ်၍လည်း ပါပါလိမ့်မည်။ မဟုတ်လျှင် ဟီပါပါးနှင့် မာမားဆီသို့ ကျောင်းပိတ်ရက်ရလျှင်ရချင်း အပြေးပြန်ကာ အဖော်ပြုအချိန်ကုန်ဆုံးပေးတတ်သည့် အီဟီဆွန်းက ထိုလူမှုရေးပွဲတွေကို တမင်လျစ်လျူရှူမည့် သူမျိုးမှ မဟုတ်တာ။

သူ့အတွက်ကတော့ ဟိုနှစ်ကောင်နှင့် အဆက်အသွယ် မပြတ်သည့်အပြင် တစ်ခါတစ်ခါသုံးယောက်သား VC ပြောဖြစ်ကြသည့်အချိန်တွေပါရှိလို့ အထွေအထူး တွေ့ချင်တယ်ရယ်လို့လည်း မရှိ၍ မသွားဖြစ်တာသာ။ ဒီနှစ်သူလာမယ်ပြောတုန်းက ဟိုနှစ်ကောင်မှာ 'မင့်ပြိုင်ဘက်ကြီး အီဟီဆွန်းလည်း ဒီနှစ်လာမှာတဲ့ကွ' ဟူသော ယခုထိတိုင် တစ်ခန်းမရပ်နိုင်​ သေးသည့် ပြိုင်ဖက်ဇာတ်လမ်းကြောင့် သူရယ်မောခဲ့ရသေးသည်။ အဟွန်း......ဒီနှစ်တော့ အဲ့နှစ်ကောင်ကို Suprise တိုက်ပေးအုံးမှပါ။

ပစ်စည်းတွေထုပ်ပိုးတယ်လို့သာ ပြောရတာ၊ အမှန်တော့ ထည့်စရာများများစားစားလည်း ရှိမနေခဲ့။ ဘာလို့ဆို သူတို့အတွက် အသေးစိတ်ကျသည့် အသုံးအဆောင်တွေကအစ ကိုးရီးယားကအိမ်မှာ အဆင်သင့်ရှိနေတာမို့လေ။ ပါပါးနှင့် မာမားက ဝယ်ထားပေးသလို ရှေ့နှစ်လက ကိုးရီးယားသို့ ရုံးချုပ်အပြောင်းအလဲကြောင့် တစ်ပတ်ခန့်ပြန်သွားခဲ့ရသော
ဟီဆွန်းကပါ ပြည့်ပြည့် စုံစုံ ဝယ်ထားခဲ့သည်ကြောင့်။

LOVE PLOSIVE [COMPLETED]Where stories live. Discover now