'ရိပေါ် ငါမင်းကို ငယ်ငယ်လေးကတည်းကချစ်နေခဲ့တာ သိတယ်မလား'
မင်ရှင်း သူ့ရှေ့က ပန်းကန်ေတွဆီသာအာရုံရောက်နေတဲ့ ဘဲဥလေးကို မျှော်လင့်ချက်အရောင်မှိန်မှိန်နဲ့ပဲ ပြောလိုက်မိတယ်
'မင်းကလဲကွာ စားခါနီးသောက်ခါနီးကို နှစ်ယောက်စလုံး စားမဝင်အောင်လုပ်နေတာလား ဒါမှမဟုတ် မင်းတမင်ငါမစားနိုင်အောင်လုပ်ဖို့ ကြံနေတာလား'
ရိပေါ်ရဲ့မျက်ခုံးတန်းလေးကျုံ့ကာ စိတ်ဆိုးသလိုပြောလိုက်တော့ နှုတ်ခမ်းကပါ autoဆူလာတယ်
မင်ရှင်း သူ့ရှေ့က နှုတ်ခမ်းချွန်ချွန်နဲ့ ဘဲပေါက်ကလေးကို ကြည့်ရင်း အသဲယားလာသလို ဝမ်းလဲနည်းရသည်။
ချစ်ရတဲ့လူဆီက ငြင်းစကားဆိုခံရတာတောင် သူ့မျက်နှာလေးကြောင့် ပိုချစ်မိရသည်
ရိပေါ်ကအမြဲအဲ့လိုပဲ သူချစ်စကားပြောတိုင်း ငြင်းသည် သူကရောဘာထူးလို့လဲ ငြင်းခံရတာတောင် စိတ်မထိန်းနိုင်မိတဲ့အချိန်တိုင်း ထပ်ပြောနေမိတုန်း။ပြောတဲ့အချိန်တိုင်း နာကျင်မှုက လျော့ပါးသွားတယ်ဆိုတာမရှိပေမယ့် ကျေနပ်ပါတယ်။ချစ်ရတဲ့သူက ပြန်မချစ်ပေမယ့် ကိုယ့်အချစ်ကို သူသိတယ်လေ။အချိန်တွေအကြာကြီးချစ်လာခဲ့တာ အခုထိလဲ မပြောင်းလဲသေးသလို နောင်လဲ မပြောင်းလဲသွားဘူးဆိုတာ သူသိစေချင်ရုံပါ။'မဟုတ်ပါဘူးဟာ ငါက ဒီတိုင်း ပြောမိသွားတာပါ စားပါ နတ်ပင့်သလိုပင့်လာရပီးမှ ဘာမှမစားပဲပြန်သွားရင် ငါ့မွေးနေ့ကုသိုလ်လေး ဘယ်ရတော့မလဲ စားစား'
'ငါပြောမယ် မင်ရှင်း တကယ်တော့အချစ်ဆိုတာ တကယ်မရှိပါဘူးကွာ အခုလိုမင်းငါ့ကို ချစ်တယ်လို့ထင်နေမိတာ သံယောဇဉ်ကြောင့်ပါ လူတွေကများသောအားဖြင့် အချစ်နဲ့သံယောဇဉ်ကို မခွဲခြားတတ်ကြဘူး မင်းလဲ တစ်နေ့ကျရင် သိလာမှာပါ'
မင်ရှင်း ပြုံးသာပြုံးနိုင်တော့သည်။ရိပေါ်က အမြဲတမ်းအဲ့လိုပဲ သူ့စိတ်ထဲမှာ လူသားတွေအားလုံးဟာ သံယောဇဉ်ကို အချစ်လို့ ထင်နေကြတာလိုပဲ သူကတွေးနေတာ။အခုလိုမင်ရှင်းက ဟိုးအရင်ကတည်းကဖွင့်ပြောပီးတာတောင် သံယောဇဉ်ကြောင့်ပါ တစ်နေ့ကျရင် မင်းရဲ့အချစ်စစ်ပေါ်လာပီးတဲ့အချိန် ငါ့ကို သူငယ်ချင်းလိုပဲ ချစ်တာဆိုတာကို လက်ခံလာလိမ့်မယ်လို့ ပြောပီး ချစ်စကားပြောခံရတာတောင် ဘာမှမဟုတ်သလိုပဲ သဘောထားပီး အရင်မူလကအတိုင်း ဆက်ဆံပေးနေတာ။