'နင် တစ်မနက်လုံး ဘာဖြစ်နေတာလဲ ရိပေါ် ဂနာမငြိမ်ဘူးဖြစ်နေတယ် ပြောစရာရှိရင် ပြော'
သူကျောင်းကိုရောက်ကတည်းက မုန့်စားချင်တာလိုလို စကားပြောချင်တာလိုလိုနဲ့ ဘာဖြစ်ချင်နေမှန်းမသိတဲ့ ရိပေါ်ကို ယွမ်အာ စိတ်မရှည်တော့ပါ
'တကယ်လို့ ငါပြောလိုက်ရင် နင်စိတ်ဆိုးမယ်ထင်တယ်'
သူ့ကိုမျက်လံုးချင်းမဆုံေစဘဲ ပြောပီးတာနဲ့ ခေါင်းငုံ့သွားတဲ့ ရိပေါ်ကြောင့် ယွမ်အာ ရင်ထဲမှာ လှပ်ခနဲပဲ ရိပေါ်က ချစ်စရာကောင်းတာကို ဝန်ခံပါတယ် ဒါမယ့် သူဖွင့်ပြောလိုက်ရင် ချက်ချင်းကြီးပြန်ဖြေဖို့ သူအဆင်သင့်မဖြစ်သေးသလိုပဲ သူက မင်ရှင်းကိုလဲ သဘောကျနေတာဆိုတော့......
'အဲ့ဒါဆိုလဲ သေချာစဉ်းစားပီးမှ ပြောပေါ့ ငါလဲ အချိန်လိုသေးတယ်'
ဆံပင်ကို နားကြားထဲတစ်ချက်ညှပ်ရင်း မျက်လုံးလေးကိုဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်နဲ့ မျက်လုံးကစားရင်း ခေါင်းကိုအနဲငယ်အောက်ငုံ့ကာ ဘာမှမဖြစ်သလိုဟန်ဆောင်ပီး စာအုပ်အိတ်ထဲမှာ ဟိုဟာရှာသလိုလို ဒီဟာရှာသလိုလို လုပ်နေလိုက်သည်
'နင်က ဘာလို့အချိန်လိုတာလဲ ငါက အချိန်လိုရမှာလေ'
'နင်ကလဲ ငါကမိန်းကလေးလေ ငါကပိုလိုတာပေါ့'
ဒီလောက်တောင် မသိတတ်ဘူးလား အဲ့ဒီ ဝမ်ရိပေါ်ကတော့ စိတ်တိုလာပီ ဟွန့် သွား တစ်မှတ်နှုတ်တယ်
'နင်က မိန်းကလေးဆိုတာတော့ ဟုတ်ပါတယ် ဒါပေမယ့် နင်နဲ့ဘာဆိုင်လို့ နင်ကအချိန်လိုမှာလဲ'
'အာ့ဆို နင်က ဘာလို့အချိန်လိုတာလဲ ပြော'
ယွမ်အာ မျက်စောင်းထိုးပီး စိတ်ဆိုးလာသလိုပြောတော့
'ငါက ကိုယ်တိုင်က တကယ်ချစ်လား မချစ်လားဆိုတာ စစ်ဆေးဖို့အတွက် လိုတာပေါ့'
ဒီကောင်စုတ်တော့ သူကပဲ စဉ်းစားရသေးတယ်ရှိသေး ဟွန့်
'အေးပါ အာ့ဆိုလဲ နင်သေချာတဲ့အချိန်ပြောပေါ့'
'နင်က ငါ့ကိုကူညီမှာသေချာလို့လား စိတ်ဆိုးသွားမယ်ထင်တယ်'
