Part 2

463 32 0
                                    

'လာ လာ ရိပေါ် ဒီဘက်မှာထိုင် နင်ကလဲ ငါနေမကောင်းတာတောင် ခုမှလာတယ် ငါကဖြင့် ဆေးရုံကနေတောင် ဆင်းရတော့မှာ'

ယွမ်အာ မျက်နှာကို တမင်ဆူပုပ်ကာ ပြောလိုက်မိတယ်

'မလာချင်လို့ မလာတာဖြစ်မလား ငါတကယ် မအားတာဟ နောက်အပတ် ပွဲအတွက် အဖွဲ့လိုက် ပြင်ဆင်ရတာဆိုတော့ ငါက ပျက်လို့ မကောင်းဘူးလေဟာ အဲ့ဒါကြောင့် ပါ'

ရိပေါ် ဆေးရုံတက်နေရတဲ့အချိန်မှာတောင် စိတ်ကောက်ချင်နေသေးသည့် ယွမ်အာကို ချော့ပြောလိုက်ရသည်

'ငါလဲ နောက်အပတ်ကျရင် ဆေးရုံဆင်းပီ ဆိုတော့ ကျောင်းပြန်တက်နိုင်တော့မှာ ငါတို့ မေဂျာကို သေချာပေါက်အနိုင်ရအောင်လုပ်နော် ရှူံးလို့ကတော့ ငါနင့်ကိုမခေါ်တော့ဘူး'

'နင်ကလဲဟာ စိတ်ကြီးပဲ ပြိုင်ပွဲပါဆို နိုင်လဲ နိုင်နိုင်သလို ရှူံးလဲရှူံးနိုင်တာပဲ'

'ဟာ မရပါဘူး ငါစီးပွားရေးမေဂျာက မင်ကျူးတို့နဲ့ ပြိုင်ထားတာ သေချာပေါက် ငါတို့နိုင်မှာလို့'

'နင်ကလုပ်ပီဟာ မသေချာတာတေကို ကြိုခန့်မှန်းပီးမပြိုင်ပါနဲ့လို့ ငါ....'

' ok stop it stop it နင့်တရားတွေကို ငါအလွတ်ရတယ် ဟုတ်ပီလား အခုတော့ ငါကပြိုင်ထား ပြောထားပီးပီမို့ ငါ့ကို မျက်နှာမပျက်ရအောင် သေချာပေါက် နိုင်အောင်လုပ်ပေး နော် နော် '

ရိပေါ် သက်ပြင်းတစ်ချက်ချရင်း မျက်စောင်းထိုးကာ ခေါင်းငြိမ့်လိုက်ရသည်

'ရေးးဟေးး အာ့‌တွေကြောင့် ငါနင့်ကို ချစ်တာ ဟားးဟားးးဟားးး မဲ့ရှုံ့နေမယ့် မင်ကျူးရဲ့ မျက်နှာကို မြင်ယောင်ရင်း ငါတော့ တော်တော် သဘောခွေ့နေပီဟေ့....'

ရှောင်းကျန့် ညီမတော်ရဲ့ ဆေးရုံအခန်းရှေ့ရောက်တော့ အာပြဲကြီးနဲ့ ရယ်သံကြီးကြားလိုက်ရတာမို့ ခေါင်းရမ်းကာ ပြုံးရင်းနဲ့ပဲ အခန်းထဲဝင်သွားလိုက်မိသည်

'ယွမ်အာ ဒါက ဆေးရုံတက်ရတဲ့လူတစ်ယောက်ရဲ့ ပုံစံအနေအထားလား ဟမ်'

ရှောင်းကျန့် ခပ်တည်တည်ဖြင့် မေးလိုက်တော့

'ဟာ ကောကလဲ ယွမ်အာက မရယ်နိုင်တဲ့ရောဂါဖြစ်ပီး ဆေးရုံတက်ရတာမှမဟုတ်တာကို'

what's love?Where stories live. Discover now