'ငါ စောစောပြန်မှဖြစ်မှာ ငါ့အဒေါ်က သိပ်ပီးစိတ်မချဘူး ဒါတောင် မင်ရှင်းပါလို့'
ဘားရဲ့ အပြင်ဝိုင်းမှာ လေတဖြူးဖြူးကြောင့် ဆံပင်တွေထောင်နေတဲ့ ရိပေါ်က ရောက်ကတည်းက ပြောနေတဲ့စကား။
'ရိပေါ်ရာ ရောက်ကတည်းက ဒါပဲပြောနေတာပဲ တစ်ခါတလေမှလာသောက်ရတာကို စိတ်ဖြောင့်ဖြောင့်မသောက်ရဘူး'
ယွမ်အာ ဘီယာဗူးကို မော့ချရင်း စိတ်ညစ်သလိုပြောလိုက်တော့ ရိပေါ်ကနှုတ်သီးဆူလာသည်
အခုက မင်ရှင်းရယ် ရိပေါ်ရယ် ယွမ်အာရယ် ဘားတစ်ခုမှာ ဘီယာလာသောက်နေကြခြင်း မင်ရှင်းရဲ့ အောင်ပွဲခံတဲ့ အထိမ်းအမှတ်ပေါ့ အစကတော့ နှစ်ယောက်တည်းသွားကြမလို့ပါပဲ ယွမ်အာရှေ့မှာ ဖုန်းပြောမိတော့ ယွမ်အာကသိပီး အတင်းလိုက်ချင်ပါတယ်လုပ်နေတာကြောင့် သုံးယောက်ဖြစ်သွားတာ ရိပေါ်ရဲ့ လူတွေကြပ်ကြပ်ကြီးနဲ့ အခန်းမအောင်းချင်ဘူးဆို၍ အပြင်က ဝိုင်းမှာ ထိုင်လိုက်ကြရတယ် ပီးတော့ သူတို့ကလဲ အကြာကြီးသောက်ကြမှာမှမဟုတ်တာ။
ရိပေါ်က နှစ်ဗူးကုန်တော့မှာဆိုတော့ နည်းနည်း ရီဝေဝေဖြစ်ချင်နေပီ မင်ရှင်းက သုံးဗူးရှိပီ ယွမ်အာက နှစ်ဗူးကုန်ပီ အခုတစ်ဗူးထပ်ဖောက်နေပီ
'မင်ရှင်း နင့်မှာ ရည်းစားရှိလား'
မင်ရှင်းနဲ့ ယွမ်အာက အရင်ကဆို စကားသိပ်မပြောဖြစ်ဘူး ရိပေါ်ကို ဗဟိုပြုပီးတော့သာ မေးထူးခေါ်ပြောအဆင့်။
အခုရုတ်တရက်ကြီး အတွင်းရေးကို ထမေးတော့ ရိပေါ်ရော မင်ရှင်းပါ မျက်လုံးပြူးသွားသည်
မင်ရှင်းက ရိပေါ်ကို တစ်ချက်ကြည့်ပီး
'ရည်းစားတော့မရှိပေမယ့် ငါချစ်တဲ့လူရှိတယ်'
ရိပေါ်က မျက်လုံးပြူးပြတော့ ပုခုံးပြန်တွန့်ပြလိုက်သည်
'ဘာ' ဟုဆိုကာ ယွမ်အာ တစ်ငုံမော့ပီး အာရှင်းလိုက်သည်
'ငါ့လိုလှလား'
သူ့ကိုယ်သူလက်ညှိုးထိုးရင်းမေးတော့ ရိပေါ်ရိပ်မိလိုက်ပီ။ယွမ်အာမ ကိုယ့်အရှက်ကို ခွဲမိတော့မှာ။