'ေရာက်လာပီလား ယွမ်အာတို့ ပွဲတက်ပေးလို့ ကျေးဇူးပါနော် ညီမလေး'
'ကျဲက ဖိတ်မှတော့ လာရမှာပေါ့ ကျဲ ဒါက ယွမ်အာသူငယ်ချင်း ရိပေါ်တဲ့ ယွမ်အာ အဖော်ခေါ်ခဲ့တာ'
'တွေ့ရတာဝမ်းသာတယ်နော် မောင်လေး စိတ်ကြိုက်စားသွားနော် ယွမ်အာသူငယ်ချင်းက ချစ်စရာလေးပဲ'
'ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ကျဲ မွေးနေ့မှာပျော်ရွှင်ပါစေဗျ'
'ဟုတ်ပီ ဟုတ်ပီ ထိုင်ကြနော် ကျဲဟိုဘက်ခနသွားလိုက်အုံးမယ်'
ရိပေါ်နဲ့ယွမ်အာက အခု လီဟွေ့မွေးနေ့ပါတီကိုရောက်နေကြတာ လီဟွေ့က ယွမ်အာနဲ့လဲ သိတော့ ဖိတ်လိုက်တာကြောင့်
'ကျဲကချောရဲ့သားနဲ့ ဘာလို့ ကျန့်ကောက ထားခဲ့တာလဲ'
'ကောကအဲ့လိုပဲဟ နင့်ကိုပြောသားပဲ ကောကို အတည်ကြီးမကြိုက်ပါနဲ့ဆို နင်ကြိုက်နေတုန်းလား'
ရိပေါ်က ဘာမှမပြောဘဲ မုန့်ပဲယူစားနေတယ် သူငယ်ချင်းက မျက်နှာမကောင်းတော့ ယွမ်အာလဲ မပျော်တော့ပါ
'စားမယ်ဟာ လီဟွေ့ကျဲက သူဌေးပဲ အကောင်းစားတေချည်းပဲကျွေးတာ'
'အင်း ဟုတ်တယ် စားလို့ကောင်းတယ်'
စားစရာတွေစားပီးတော့ စိတ်ကလဲ ပြန်လန်းလာတယ် ကိုယ်မတတ်နိုင်တဲ့အရာအတွက် စိတ်ညစ်နေလဲ ပြောင်းလဲသွားတာမှ မရှိတာ ကိုယ့်ကိုကိုယ်ပျော်အောင်ထားသင့်တယ်
'ယွမ်အာ ဒီမှာ ဘယ်သူလဲ ကြည့်ပါအုံး'
'ဟင် ကော'
'ဝမ်ရိပေါ်???'
'ဪ ကျန့်ကော'
'အံ့ဩသွားလား ကျန့် လီက မွေးနေ့ကို ယွမ်အာကိုလဲ ဖိတ်ထားတာ ကျန့်ကိုဖိတ်ပေမယ့် ပွဲမတက်မှာစိုးလို့ ယွမ်အာကိုပါ ဖိတ်ထားတာ နှစ်ယောက်လုံးတက်တော့ ပိုကောင်းတာပေါ့ ဒီမှာပဲ ထိုင်မလားကျန့်'
'ဒီမှာပဲ ထိုင်ကြမယ်လေမောင် မောင့်ညီမလေးလဲ ရှိတာပဲ'
ရှောင်းကျန့်ရဲ့ လက်မောင်းကို ချိတ်ထားရင်း ထိုင်ဖို့ပြောနေတဲ့ ဒီနေ့မှ ကျန်းချန်စီစဉ်ပေးလိုက်တဲ့ ကျဲမုမု ကိုကြည့်ရင်း ရှောင်းကန့်အသက်ရှူကျပ်လာတယ်
