part 10

321 23 4
                                    

'မား ဒီမှာ ဧည့်သည်လာတယ် ဟိုဘက်ခြံက'

'ဪ သားတို့ လာလာ သားငယ်ကလဲ လာမယ်ဆို စောစောခေါ်ခဲ့တာတော့မဟုတ်ဘူး'

စားသောက်ပြီးစီးတော့မှ ဧည့်သည်တွေရောက်လာတော့ ဝမ်မားနဲ့ ဒေါ်လေးဖြစ်သူက အားတုံ့အားနာဖြစ်ကာ လာစားပါလို့လဲ ခေါ်မရ ပြန်ကြပါလို့လဲ ပြောလို့မဖြစ် ဖြစ်နေကြတယ်

'ရတယ် အားရီ ကျွန်တော်တို့လဲ ဒီကပြန်ရင် မုန့်စားကြမလို့ပဲဗျ အခုကလဲ လက်ဆောင်‌လေးတွေပေးချင်လို့ လာတာပါ'

'ဪ ရပါတယ်သားရဲ့ အားနာစရာကွယ်'

'အားနာဖို့မလိုပါဘူးဗျ ကျွန်တော်က ရှောင်းကျန့်ပါ ဒီဘက်က ကျွန်တော့သူငယ်ချင်း ကျန်းချန်ပါ ဟိုဘက်ခြံပိုင်ရှင်ပါခင်ဗျ'

'ဒါဆို သားက ရှောင်းယွမ်လေးရဲ့ အကိုလား အန်တီက ရှောင်းယွမ်လေးကို သိတယ်လေ ရိပေါ်သူငယ်ချင်းဆိုတော့'

'ဟုတ်ကဲ့ဗျ'

'ဒါက ရိပေါ်လေးရဲ့ ပါးနဲ့မား  ပေကျင်းကို ခနအလည်လာကြတာ'

'ဟုတ်ကဲ့ဗျ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ'

'အားရီတို့လဲ ဝမ်းသာတယ်နော်'
အပြုံးချိုချိုနဲ့ ပြန်နှုတ်ဆက်တဲ့ ရိပေါ်မားက တကယ်ကို ကြင်နာတတ်တဲ့ပုံပေါ်ပါတယ်

'ရှောင်းမျိုးရိုးတွေက အချောတွေချည်းပါပဲလား'

ကလေးရှက်တော့ ငို လူကြီးရှက်တော့ရယ် ဆိုသလိုပဲ ရှောင်းကျန့်လဲ ဂုတ်ကို လက်နဲ့အသာပွတ်ရင်း ရယ်ပဲရယ်နေလိုက်တော့တယ်

'အိမ်နီးချင်းတွေဆိုတော့ နောက်ပိုင်း တစ်ခုခုဆို အားနာစရာမလိုဘူးနော် ပြောလို့ရတယ် သိလားသားကျန်းချန်'

'ဟုတ်ကဲ့ဗျ အားရီတို့လဲ တစ်ခုခုအကူအညီလိုတာရှိရင် အချိန်မ‌ရွေးပြောလို့ရပါတယ်ဗျ'

'အေး အေး သား ကျေးဇူး‌နော် လက်ဆောင်တွေအတွက်ရောပေါ့'

'ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့ပြန်လိုက်ပါအုံးမယ်ခင်ဗျ ရိပေါ် ကောတို့ပြန်ပီနော်'

'ဟုတ်ကဲ့ ကျန့်ကော'

'ရိပေါ်ကောတို့နဲ့ အလည်လိုက်ခဲ့ပါလား ရိပေါ်သူငယ်ချင်းလဲပါတာပဲကို'

what's love?Where stories live. Discover now