ရိပေါ်ရဲ့ ပါးနဲ့မားက လော့ရန်မှာ စိုက်ခင်းကျယ်ကြီးတွေပိုင်တယ် အသက်ကြီးလာရင် သစ်ပင်တွေနဲ့ နီးတဲ့နေရာမှ အေးအေးချမ်းချမ်းပဲနေချင်တယ်ဆိုတဲ့ မားရဲ့ ဆန္ဒကို ပါးပါးက ဖြည့်ဆည်းပေးတယ်လို့ပဲ ပြောရမှာပေါ့။ပါးပါးက မားကို သိပ်ချစ်တာ အခုသက်ရွယ်အထိကို တခါတလေ သဝန်တိုနေတတ်တုန်း။
ရိပေါ်က နိုင်ငံခြားဘာသာစကားတက္ကသိုလ်မှာ Finland language ကို major ယူထားတာ တက္ကသိုလ် ပထမနှစ်ကိုတော့ လော့ရန်မှာပဲတက်တာ။ပေကျင်းက ဦးလေးနဲ့ အဒေါ်က ပေကျင်းတက္ကသိုလ်မှာတက်တော့ ပိုကောင်းတာပေါ့ ဘာညာဆိုပီးမဲစွယ်ကြတော့ ပါးနဲ့မားကလဲ တစ်ဦးတည်းသောသားလေးကိုမခွဲချင်ပေမယ့် အနာဂတ်ပိုလှဖို့အတွက်ပဲ ရွေးချယ်လိုက်ကြပီး ရိပေါ်ကို ပေကျင်းကို ကျောင်းသွားတက်စေကြတယ်
ရိပေါ်က ပေကျင်းကို ပြောင်းလာတော့ မင်ရှင်းကပါ သူ့မိဘတွေကိုပူဆာပီး ပေကျင်းတက္ကသိုလ်မှာ စီးပွားရေးမေဂျာနဲ့ဆက်တက်တယ်
မားရဲ့အကိုဖြစ်တဲ့ရိပေါ်ဦးလေးက ကုမ္မဏီကြီးတွေမှာ ရှယ်ယာလိုက်ဝင်ထားပီး ဟိုကုမ္မဏီက အစည်းအဝေးတက်လိုက် ဒီဘက်ကအစည်းအဝေးတက်လိုက် ပါပဲ ကိုယ်ပိုင်ကုမ္မဏီတော့ မထောင်ဘူး အမွေဆက်ခံမယ့် သားသမီးရတနာမရှိလို့ နောင်တစ်ချိန်သူတို့တွေ ဘဝနေဝင်ချိန်ရောက်ရင် စိတ်မချနိုင် လက်မလွှတ်နိုင်နဲ့ ဘဝကူးမကောင်းမှာစိုးလို့တဲ့ ဒီဘဝအတွက် စားဝတ်နေရေး ချောင်လည်ရင်ပဲ ရပီတဲ့ ဒေါ်လေးက ပေကျင်းက shopping mall တစ်ခုမှာ ရတနာဆိုင်ဖွင့်ထားတာ ဦးလေးကလဲ အလုပ်မရှိတဲ့ရက်တွေဆို ဒေါ်လေးဆိုင်ကို သွားနေတတ်တယ် အိမ်မှာက ခြောက်ကပ်ကပ်နိုင်လို့တဲ့။
အဲ့တော့ ရိပေါ်က ပိတ်ရက်ဆို အိမ်မှာ တစ်ယောက်တည်း စာအုပ်ဖတ်လိုက် လိုင်းလေးသုံးလိုက်ပါပဲ တခါတလေတော့ မင်ရှင်းကလာလည်တတ်တယ် မင်ရှင်းက တက္ကသိုလ်နားမှာ တိုက်ခန်းဝယ်နေတာ အစကတော့ ရိပေါ်တို့အိမ်နားမှာနေမလို့ပဲ ရိပေါ်တို့အိမ်က တက္ကသိုလ်နဲ့ကျ နဲနဲလေး ဝေးတယ်လို့ပြောရမှာပေါ့ ရိပေါ်တောင် နေ့တိုင်း စက်ဘီးနဲ့အသွားအပြန်လုပ်တာ။ကားဝယ်ပေးဖို့ ပါးကပြောပေမယ့် ကားမစီးချင်ပါဘူး သဘာဝလေကို ခံစားရင်း စက်ဘီးလေးနဲ့ တဖြေးဖြေးချင်း အိမ်ပြန်ရတဲ့ ခံစားချက်ကို ရိပေါ်က ကြိုက်တာမို့။
ရိပေါ်တို့နေတဲ့နေရာက လုံးချင်းအိမ်တွေပဲရှိတဲ့ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တာကြောင့် တိုက်ခန်းဝယ်ဖို့က မဖြစ်နိုင်ဘူးလေ အဲ့ဒါကြောင့်ပဲ မင်ရှင်းက တက္ကသိုလ်နားမှာပဲ နေဖို့ ရွေးလိုက်တာ။
