part 8

443 33 2
                                    

'ကျနော် ငွေရှင်းပီးသွားပီလေ ညီမလေး'

'ဟုတ်ကဲ့ ဟိုလေ အစောက ယူထားတဲ့ ဧည့်သည်က ပြန်ရောက်လာလို့ပါရှင့် အားနာလိုက်တာ'

'ဪ ဒုက္ခပဲ ဒီနားမှာလဲ store က များများမရှိတော့ တခြားမှာသွားဝယ်ဖို့ကလဲ အဆင်မပြေဘူး ကျနော်ကလဲ လိုအပ်လို့ပါဗျာ'

ကျန်းချန် ဒီနေ့ပဲ တရုတ်ပြည်ကိုပြန်ရောက်လို့ ဟိုကောင့်ကိုချော‌ဆွဲကာ မုန့်လုပ်စားဖို့ ခေါ်လာတာ
နော်ဝေးမှာကတည်းက တရုတ်ပြည်ပြန်ရောက်ရင်နေဖို့ အိမ်ကို သေချာရွေးပီး ဝယ်ထားတာ
နော်ဝေးမှာ နေခဲ့တာ ကြာတော့ လူတွေပြွတ်သိပ်နေမယ့် ရပ်ကွက်တွေက သိပ်အဆင်မပြေလှပါ

ခြံကျယ်ကြီးတွေနဲ့ တစ်အိမ်ကနေတစ်အိမ်ကြား တော်တော်ဝေးကာ အေးအေးဆေးဆေးဆိတ်ငြိမ်တဲ့ရပ်ကွက်ကို ရွေးဝယ်ထားလိုက်တာ ဒီရပ်ကွက်က လူတွေက ချမ်းသာတဲ့လူ‌ေတွချည်းပဲဆိုတော့ ဈေးဝယ်ရင် Mall အကြီးကြီးတွေမှာပဲ တစ်ခါတည်းသွားဝယ်ကြတာများကြတယ်

အရေးပေါ်လိုတာလိုမျိုးတို့မှ ရပ်ကွက်ထိပ်က convenience store လေးမှာ လာဝယ်ကြတယ်
ဆိုတော့ store ဆိုင်က များများမရှိ

အစကတော့ ဘီယာနဲ့မြည်းရင်းစားဖို့ အသားကင်တွေ အသုပ်တွေ စီစဉ်ထားတာ ရှောင်းကျန့်က ဖက်ထုပ်လုပ်တာ အရမ်း‌လက်ရာကောင်းတော့ စားချင်လာတာနဲ့ store မှာ လာဝယ်နေကြတာ

ဆိုင်ရောက်တော့ ဖက်ရွက်ကမရှိ ဝန်ထမ်းကညီမ‌‌ေလးပြောတာတော့ ပစ္စည်းပြတ်သွားလို့တဲ့ ပုံမှန်ဆို ဖက်ရွက်တွေက သိပ်ပီးလာမဝယ်ကြဘူးတဲ့လေ ဆိုတော့ သူတို့လဲ များများမတင်ထားတာနေမှာပေါ့

အဲ့ဒါနဲ့ တခြားလိုချင်တာလေးတွေ ကောက်ယူပီး ငွေရှင်းတော့ ဖက်ရွက်တစ်ထုပ်ကိုတွေ့ရော

'ဒါက ဧည်းသည်တစ်ယောက်မှာထားလို့ပါရှင့်'
တဲ့ ဆိုတော့ ဒီလိုမျိုးရှိလို့လား ဧည့်သည်က ဘယ်မှာလဲဆိုတော့ အိမ်ခနပြန်သွားလို့တဲ့

ကိုယ်ကလဲ လိုချင်နေတာဆိုတော့

'ညီမလေးရယ် အိမ်ပြန်သွားတဲ့ လူက သေမှမသေချာတာ အကိုက တကယ်လိုအပ်လို့ပါ အကို့ကိုရောင်းပေးလို့ရနိုင်မလား ကျေးဇူးပြုပီး'

what's love?Where stories live. Discover now