'တီ တီ တီ......'
'လာပီ လာပီ '
အိမ်ရှေ့က မင်ရှင်းရဲ့ ဆိုင်ကယ်သံကိုကြားတာနဲ့ ရိပေါ်ရဲ့ အော်သံကလဲ ချက်ချင်းထွက်လာကာ လူကလဲ အိမ်ရှေ့ပြေးထွက်သွားသည်
'မင်းကလဲ နောက်ကျလိုက်တာ ငါစောင့်နေတာ ကြာလှပီ'
ဆူအောင့်အောင့်ပြောရင် အထုပ်တွေကူဆွဲကာ အိမ်ထဲ ပြန်ဝင်လာခဲ့တယ်
မင်ရှင်းကတော့ ဗျစ်တောက်ဗျစ်တောက်နဲ့ အပြစ်တင်တော့မယ့် ရိပေါ်အကျင့်ကို သိနေသည့်အတွက် ဘာမှ ပြန်မပြောတော့ဘဲ အိမ်ထဲဝင်လာကာ
'အားရီ မတွေ့တာကြာပီ နေကောင်းကြလားဗျ'
'ကောင်းတယ် သားရှင်း သားရော တစ်ယောက်တည်းနေရတာ အဆင်ပြေရဲ့လား'
ရိပေါ်မားက အအေးခွက်ကို အရှေ့ကိုတိုးပေးရင်းဆိုလာတယ်
'ဟုတ်ကဲ့ အဆင်ပြေပါတယ် အားရီ ခက်ခက်ခဲခဲရယ်လို့တော့မရှိပါဘူး'
'အဆင်ပြေတယ်ဆိုပေမယ့်လဲ ယောက်ျားလေးတစ်ယောက်တည်းဆိုတော့ စားရသောက်ရတာ အနည်းနဲ့အများတော့ ခက်ခဲမှာပဲလေ ရိပေါ်နဲ့အတူတူ ဒီအိမ်မှာပဲ နေပါဆိုတာကို'
'ရပါတယ်အားရီ သားက ဟင်းထမင်းချက်တတ်ပါတယ် အဲ့တော့ အဆင်ပြေပါတယ်ဗျ'
'မားတို့ ရိပေါ်နဲ့တော့ ကွာပ တစ်နေ့တစ်နေ့ စားမယ် အိပ်မယ် ဖုန်းသုံးမယ် ဒါပဲတတ်တာ'
'မားကလဲ လာပြန်ပီ မင်ရှင်းကိုပြောနေရာကနေ ဘာလို့သားဘက်လှည့်လာတာလဲ မင်ရှင်း အဲ့တာ မင်းကြောင့် မင်းဘာလို့ ချက်တတ်နေရတာလဲ'
ခုနကတည်းက ဆူပုပ်က အခုထိလဲ ကောက်ချိတ်လေးဖြစ်နေတုန်း ဒီလိုပုံစံလေးတေလုပ်ပြနေတော့ ဒီကကောင်က ဘယ်လိုလုပ်ပီး မချစ်ဘဲနေနိုင်တော့မှာလဲ ရိပေါ်ရာ....
'ငါချက်တတ်တာ ဟိုးအရင်ကတည်းက အခုမှလာပီး အပြစ်တင်မနေနဲ့ ဝက်စုတ်'
'ဟားးဟားးးဟားးးးး'
'ဟာ မားတို့မရီနဲ့ေနာ် ခွေးကောင် ငါ့ကို အဲ့လိုမခေါ်နဲ့လို့ ဘယ်နှခါပြောရမှာလဲ'
'မခေါ်နဲ့လို့သာပြောတာ မင်းနှုတ်ခမ်းကို မှန်ထဲ သွားပြန်ကြည့်လေ'
