ပြတင်းပေါက်က နေရောင်စူးစူးကြောင့် ယွမ်အာမျက်လုံးတွေ မဖွင့်ချင်ပေမယ့် ထပ်မှိတ်ထား၍မရတော့တာကြောင့် တဆစ်ဆစ်ကိုက်နေတဲ့ခေါင်းကို အသာနှိပ်ကာ ထလိုက်ရသည်
'မားမားးးးးး!!!!'
'ဟာ မားရာ အသံလေးဘာလေးမပေးဘူး ဒီတိုင်းကြီးရပ်နေရလား'
ပြတင်းပေါက်က လိုက်ကာကို ဖွင့်ထားပီး အဲ့ဒီနားမှာပဲ ရပ်ကာ စိုက်ကြည့်နေတဲ့ မားကြောင့် ယွမ်အာ လိပ်ပြာလွင့်ရမတတ်ဖြစ်သွားသည်လေ။
'သမီး မနေ့က ဘာလို့စောစောမပြန်ခဲ့တာလဲ နောက်ကျမယ်ဆိုလဲ ဖုန်းကြိုဆက်လေ'
'သမီးလဲ အဲ့လောက် နောက်ကျသွားမယ်မထင်လို့ မားမား'
မျက်နှာကို အတတ်နိုင်ဆုံး ငယ်အောင်ထားပီးပြောလိုက်တော့မှ မားက မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်ကာ'မျက်နှာသစ်ပီးရင် အောက်ဆင်းလာခဲ့'
.
.
.
'လာပီလား ယွမ်အာ ဒီမှာလာထိုင်'မားတို့က ပုံမှန် breakfast စားနေကြပီး သူ့ခုံရှေ့မှာတော့ ပျားရည်နဲ့ သံပုရာသီး ပြင်ထားတဲ့ ပန်းကန်လေး။
မျက်နှာငယ်လေးနဲ့ စားပွဲကိုဝင်ထိုင်တော့'အိမ်က ယောကျာ်းသားတွေအတွက်က မပြင်ရဘူး အငယ်ဆုံးသမီးအတွက်ကို အမူးပြေဆေး ပြင်ပေးရတယ်'
ပါးက ချောင်းတစ်ချက်ဟန့်ပီးပြေားတော့
'ကဲပါ ကလေးကို ပြောမနေပါနဲ့တော့ နောက်ကျသွားမယ်မထင်လို့ ကြိုမပြောမိတာတဲ့ ကျမမေးပီးပီ'
မားက ဝင်ပြောပေးတော့ ယွမ်အာက ပါးကိုကြည့်ရင်း ခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြသည်
'ယွမ်အာ နောက်တစ်ခါသောက်မယ်ဆိုရင် မိန်းကလေးအဖော်ပါမှ ယောကျာ်းလေးနဲ့အတူတူသောက်'
ကောက ထပြောတော့ ယွမ်အာ ပါးထပ်ဆူမှာကြောက်ပီး 'နောက်မှပြောလို့မရဘူးလား'ဆိုတဲ့ အကြည့်နဲ့ ကောကိုကြည့်လိုက်ရင်း
'ဟုတ်ကဲ့ ကော' တစ်ခွန်းသာ ပြန်ပြောလိုက်ရတယ်။
.
.
.
.
'ငါတော့ဟာ အိမ်မှာ အသက်ကို ကောင်းကောင်းမရှူရဲဘူး မနက်စာစားပီးတာနဲ့ ချက်ချင်းထွက်လာခဲ့ရတယ်'