*knock knock*
'ခွေးကောင် တံခါးခေါက်တယ်ဆိုတာ မဖွင့်ခင်ကြိုခေါက်ရတာ'
ကျန်းချန်အခု ရှောင်းကျန့်ရဲ့ ရုံးခန်းကိုရောက်နေတာ သူ့အတွင်းရေးမှူးက အကြောင်းကြားဖို့ပြင်တော့ လက်ကာပြပီး တံခါးဖွင့်ပီးဝင်လာတာ အလုပ်ဂျပိုးငကျန့်က သူဝင်လာတာကို အသိဘဲ စာရွက်ဖိုင်တေကြားခေါင်းနစ်နေလို့ ပါးစပ်ကနေပဲ *knock knock*ဆိုပီး အသံပေးလိုက်တော့မှ ခေါင်းထောင်လာတယ်
'ဧည့်သည်ကို ဒီလိုပဲ ကြိုဆိုရလား ငကျန့်'
'အပိုတေမပြောနဲ့ ထိုင် ဘာကိစ္စလဲ'
'ok ပြောမယ် ငါလဲ ပြန်ရောက်တာ မကြာသေးတော့ကွာ အဲ့တာ club သွားရအောင်လို့လေ ပျော်ရအောင်'
'okလေ ဘယ်တော့ သွားကြမလဲ'
'ဒီညသွားမယ်လေ မင်းဒီနေ့ နဲနဲစောဆင်းလိုက်'
ရှောင်းကျန့်အကြည့်စူးစူးက ချက်ချင်း
'မင်းကလဲ တစ်ခါတလေလေး အလုပ်လစ်ရတာကို မွဲမသွားပါဘူးကွာ မင်းမှာ ကြောက်ရတဲ့ မိန်းမလဲ မရှိသေးပါဘူး လုပ်စမ်းပါ'
ရှောင်းကျန့်ကတော့ စိတ်လေတယ်ဆိုတဲ့ပုံစံနဲ့ ခေါင်းရမ်းရင်း စာရွက်စာတမ်းတွေပြန်စစ်နေတယ်
'ဪ ဟုတ်သား ရှောင်းကျန့် မိန်းမဆိုမှ ငါသတိရတယ် မင်းအခုဘယ်သူနဲ့တွဲနေတာလဲ'
'မရှိဘူး'
'တွဲနေတဲ့လူလေ??'
'အေးဆို မရှိဘူး ခု တစ်ယောက်တည်း'
သူ့စကားကြားပီး ဆိုဖာမှာထိုင်နေရာကနေ သူ့နားလမ်းလျှောက်လာကာ သူ့မျက်နှာကိုသေချာကြည့်ရင်း လက်နဲ့ပါ သူ့မျက်နှာကိုမော့စေပီး ကြည့်နေတာ
'ခွေးကောင် ဘာလုပ်တာလဲ ငါ့မျက်နှာကို လက်ဖယ်စမ်း'
'ငါ့သူ့ငယ်ချင်း ရှောင်း gp ရဲ့ ceo ရှောင်းကျန့်ဆိုတာ သေချာရဲ့လားလို့ စစ်ကြည့်တာ'
'ဘာလဲ ငါကတစ်ယောက်တည်းနေလို့မရဘူးလား'
ရှောင်းကျန့်က ခပ်ရွဲ့ရွဲ့ပြန်ပြောလိုက်တော့
'မင်းဘယ်တုန်းက တစ်ယောက်တည်းဆိုတဲ့အချိန်ရှိလို့လဲ အမြဲတမ်း ဒီတစ်ယောက်နဲ့လမ်းခွဲပီး နောက်နေ့ဆို နောက်တစ်ယောက်ရနေတဲ့ဥစ္စာကို'
