Part 4

305 30 0
                                    

'မင်ရှင်း မင်ရှင်း မင်ရှင်း မင်ရှင်း'
ဒီနေ့ ကျောင်းက မေဂျာပေါင်းစုံအားကစားပြိုင်ပွမှာ ဘတ်စကတ်ဘောပြိုင်ပွဲရဲ့ grand final ပွဲနေ့ဖြစ်တာကြောင့် ပေကျင်းတက္ကသိုလ်ရဲ့ အားကစားခန်းမကျယ်ကြီးထဲမှာ ကျောင်းသားကျောင်းသူတွေအပြည့်နဲ့ အသံပေါင်းစုံဆူညံနေလေသည်

ဒုတိယနှစ်စီးပွားရေးမေဂျာက မင်ရှင်းက ချောမောနေတဲ့မျက်နှာ တောင့်တင်းတဲ့ခန္ဓာကိုယ်ပုံစံကြောင့်ကျောင်းသူတွေကြားမှာ တော်တော်နာမည်ကြီးပါတယ်

ပြိုင်ဘက်အသင်းဖြစ်တဲ့ နိုင်ငံခြားဘာသာစကားအသင်းက ဝမ်ရိပေါ်ကတော့ ဖောင်းနေတဲ့ပါးနှစ်ဖက်ရယ် မိန်းကလေးတွေလိုချင်ပေမယ့်မရနိုင်တဲ့ အသားအရည်ကြောင့် ယောက်ျားလေးရော မိန်းကလေးတွေပါ ချစ်မိကြတဲ့ ကောင်လေး‌ပေါ့။

'ဝမ်ရိပေါ် ဝမ်ရိပေါ် ကျားရို့ ဝမ်ရိပေါ်.....'

အမိုးပွင့်မတတ်ဆူညံမြိုင်ဆိုင်တဲ့ အားပေးသံတွေက ကွင်းအပြည့် ဟိုဟိုဒီဒီကနေထွက်လာကြတယ်

ရိပေါ်စိတ်လှုပ်ရှားနေတယ် ယွမ်အာကလဲ နိုင်အောင်ဆော့လို့ ပြောထားတယ် ဟိုဘက်အသင်းမှာလဲ မင်ရှင်းကပါနေတာ ဟိုးအရင်ကတည်းက ဘာပဲပြိုင်ပြိုင် အားကစားနဲ့ပတ်သက်ရင်အမြဲတမ်းမင်ရှင်းကနိုင်တာ မင်ရှင်းက ပုံမှန်လဲ လေ့ကျင့်ခန်းတွေလုပ်လို့လေ သူကလဲ လေ့ကျင့်ခန်းတွေလုပ်ပါတယ် မင်ရှင်းလောက်တော့မဟုတ်ဘူးပေါ့

ပြိုင်ပွဲစတော့ မင်ရှင်းက သူ့ကိုပြုံးပြတယ် အနိုင်ယူမယ့်အပြုံးကြီး တကယ်လဲ သူတို့အသင်းနိုင်သွားတာ ပွဲပီးလို့ဆုတွေပေးတော့ သူတို့အသင်းက ငွေတံဆိပ်ရတယ် grand final ထိရောက်လာလို့လေ

'ရိပေါ်ရာ ငါ့မှာတော့ မင်ရှင်းက နင့်သူငယ်ချင်းဆိုတော့ နင့်ကိုအရှူံးပေးမယ်ထင်လို့လောင်းထားတာ နင့်သူငယ်ချင်းကလဲ သိပ်မဟုတ်သေးပါဘူး'

ယွမ်အာမှာ အားကုန်သုံးပီး ရိပေါ်ကို အားပေးခဲ့ရလို့ ရိပေါ်ထက်မောနေကာ အအေးဗူးကို မော့သောက်ရင်း ပြောသည်

'ဟုတ်ပါပီဟာ ငါ့အမှားပါ ဒီနေ့ ငါဒကာခံမယ်'

'ခံရမှာပေါ့ ငါ့မှာ မင်ကျူးရှေ့မျက်နှာပျက်ခဲ့ရသေးတာ ဪ ဒါနဲ့ ဘယ်မှာလဲ နင့်သူငယ်ချင်းက'

what's love?Where stories live. Discover now