၈.၉.၂၀၁၆ ခုနှစ်က High way လမ်းမကြီးပေါ်မှာ ပုံမှန်နှုန်းဖြင့် မောင်းနှင်နေတဲ့ BMW ဇိမ်ခံကားအနက်ရောင်လေးတစ်စီးရှိနေခဲ့သည်။ထိုကားထဲတွင် ပြင်ဦးလွင်သို့ ပျော်ပွဲစားခရီးထွက်လာခဲ့ကြတဲ့ သူငယ်ချင်း၈ယောက်လည်း ပါ၀င်သည်။
🎼"မင်းရဲ့အနမ်းတစ်ရှိုက်နဲ့...... ငါ့ရဲ့အနမ်းတစ်ရှိုက်နဲ့....... ခံစားချက်တူညီ ရှိခဲ့တဲ့နောက်.... မင်းရဲ့အတွေးများနဲ့........ငါ့ရဲ့အတွေးများနဲ့ ........အနာဂါတ်သစ်တူညီ ထားခဲ့တဲ့နောက်တော့ .....
ခမ်းနားခြင်းကင်းမဲ့ အရိုးသားဆုံးခရီးတစ်ခု ငါတို့နှစ်ယောက်ကိုယ်တိုင် ရွေးထားခဲ့ပြီး.... သဘောထားများအပြည့်နဲ့ ဆူးလမ်းများနင်းဖြတ်.... ဘာဖြစ်ဖြစ်ပါကွယ်
ခရီးများအဆုံးထိလျှောက် အဆိုးများကြုံကြိုက်တုန်းမှာ ဒုက္ခတွေဟာ ခဏပါ အနမ်းများကိုအသက်သွင်းကာ ခရီးများအဆုံးထိလျှောက် လက်တွေ့ဟာ ရင်ဘက်မှာ လမ်းဆုံးဟာ ခဏလေးပါ အနမ်းများကိုအသက်သွင်းကာ ခရီးများအဆုံးထိလျှောက်......" 🎼
ရဲရင့်က နောက်ဆုံးအပိုဒ်ကို vocal မြင့်မြင့်ဖြင့်အော်ဆိုလိုက်ကာ ကားကိုချက်ချင်းအရှိန်တင်ပစ်လိုက်သည်။
"ဟေ့ကောင် ကားကိုသေချာမောင်း စောစောစီးစီးမသာ မပေါ်ချင်သေးဘူး"
ကားစီးရတာကြောက်တဲ့ လွင်ဟိန်းက ရဲရင့်ကို လှမ်းငေါက်လိုက်တော့ အရှိန်မလျော့တဲ့အပြင် သူ့နောက်က လွင်ဟိန်းကို လက်ခလယ်ထောင်ပြလိုက်ပြီး အရှိန်ကိုဒီထက်မြန်အောင်ဆက်တင်လိုက်သည်။
"ငါ ိုးမသား အရှိန်လျော့ပါလို့ပြောနေတာကို"
"နိုးပါ...ဟားဟား"
YOU ARE READING
10:15 Pm 🖤 (complete)
HorrorGhost နဲ့ Human တို့ရဲ့ တစ်ညတာအချစ်ဇာတ်လမ်းလေးအကြောင်းရေးထားတာပါ 🖤 မင်းအက္ခရာမောင် + မင်းဆက်မိုင် 🖤