"ရှင်းသန့်မေကလည်း ဘယ်ပျောက်သွားတာလဲမသိဘူးကွာ"
သစ်လွင်ကပြောတော့ မိုင်က
"အင်း လွင်ဟိန်းတို့အဖွဲ့ကိုလည်းမတွေ့ဘူး သူတို့အပြင်ကနေပြန်မလာကြသေးဘူးထင်တယ်"
"ငါတို့အပြင်ထွက်ရှာကြမလား"
"အင်း သွားကြတာပေါ့"
မိုင်နဲ့သစ်လွင် ဖုန်းမီးဖွင့်ပြီး အိမ်အပြင်ဘက်သို့ထွက်လာခဲ့လိုက်ကြသည်။ မိုးရွာပြီးစမို့လို့ မြေနံ့သင်းသင်းလေးနဲ့ ပန်းခင်းတွေဘက်က ပန်းရနံ့တွေက သူတို့အနီးတဝိုက်မှာ ထုံသင်းလို့နေလေသည်။လေညင်းသွဲ့သွဲ့တိုက်ခတ်နေတဲ့အသံရယ်၊ တစ်ချက်တစ်ချက်ထအော်တဲ့ ငှက်အော်သံရယ်ကလွဲပြီး အရာအားလုံးက တိတ်ဆိတ်ကာ ငြိမ်သက်လို့နေလေသည်။
ရှပ်....ရှပ်
ခြေသံတစ်ခုကို သူတို့အမှတ်မထင်ကြားလိုက်ရသည်။သစ်လွင်က မိုင့်ကိုသူ့နောက်သို့ပို့လိုက်ကာ အသံကြားရာဆီသိူ့ စူးစိုက်ကာကြည့်လိုက်မိစဉ် အပင်တစ်ပင်ရဲ့အနောက်ကနေ မိန်းခလေးတစ်ဦးထွက်ပေါ်လာခဲ့သည်။ အသက်၂၃နှစ်အရွယ်လောက်ရှိပြီလို့ထင်ရတဲ့ မိန်းခလေးရဲ့မျက်နှာဟာ အပြစ်ကင်းစင်နေပြီး သူမနဲ့မလိုက်ဖက်စွာတည်ရှိနေတဲ့အရာကတော့ သူမရဲ့ခြေထောက်တွေကိုတုပ်နှောင်ထားတဲ့ သံကြိုးရှည်တွေပေ။သူမက မိုင်တို့ကို အသနားခံတဲ့မျက်၀န်းတို့ဖြင့်ကြည့်ကာ အကူအညီတောင်းချင်နေတဲ့ပုံရသည်။
"မိန်းခလေး ဘယ်ကနေဘယ်လိုဒီကိုရောက်နေတာလဲ"
သစ်လွင်က သူ့ထက်အသက်အရွယ်ကြီးမယ်လို့ထင်ရတဲ့ကောင်မလေးတစ်ယောက်ကို မိန်းခလေးဟုသာသုံးနှုန်းပြီး သူမေးလိုက်သည်။အဲ့ဒီမိန်းခလေးက မိုင့်ကိုမျက်လုံးကလယ်ကလယ်ဖြင့် ခေါင်းစောင်းကြည့်နေကာ ခနကြာတော့ ထငိုပါလေရော။
"အီးးးးးကျွန်မကိုကယ်ပါ ကျွန်မကိုကယ်ပါ"
အကြောင်းအရင်းမရှိစွာ ငိုကာသူတို့ကိုအကူအညီတောင်းနေတဲ့မိန်းခလေးကြောင့် မိုင်တို့နှစ်ယောက် ကြောင်အသွားတော့သည်။
"သူ့ကိုလည်း ဟိုသရဲကောင်ဖမ်းထားတယ်ထင်တယ်"
သစ်လွင်က မောင့်ကိုသရဲကောင်လို့ပြောလာတာကြောင့် မိုင်တစ်ယောက် စိတ်ထဲတော့ သိပ်မကြည်ဖြစ်မိသည်။သို့ပေမယ့်လည်း ခုချိန်မှာ အခေါ်အဝေါ်တွေက အရေးမကြီးတာကြောင့် ဘာမှခြေပမပြောဆိုနေတော့ဘဲ မိန်းခလေးအနားသို့သွားလိုက်သည်။
YOU ARE READING
10:15 Pm 🖤 (complete)
HorrorGhost နဲ့ Human တို့ရဲ့ တစ်ညတာအချစ်ဇာတ်လမ်းလေးအကြောင်းရေးထားတာပါ 🖤 မင်းအက္ခရာမောင် + မင်းဆက်မိုင် 🖤