နှစ်ထပ်ကျွန်းအိမ်ကြီးရဲ့အခန်းတွေပေါင်းမြောက်များစွာထဲကမှ အခမ်းနားဆုံးတစ်ခန်း သို့မဟုတ် အိမ်ကြီးရှင်ရဲ့အခန်းထဲမှာ အချစ်စိတ်မွှန်ထူကာချစ်နေကြတဲ့သူနှစ်ယောက်။King size ဖဲမွေ့ယာခင်းထားတဲ့ကုတင်ပေါ်သို့ မိုင့်ကို ဖြည်းညင်းစွာချလိုက်ပြီး သူ့အပေါ်ကနေ အုပ်မိုးကာ ပြင်သစ်အနမ်းတစ်ခုကို စတင်လိုက်သည်။အချိန်အတော်ကြာတဲ့အထိနမ်းရှိုက်ပြီးနောက် မိုင့်ရဲ့လည်ပင်းတွေဆီသို့ဦးတည်လိုက်ကာ နဂိုကိုက်ထားတဲ့ အမှတ်တွေပေါ်သို့ ထပ်မံကိုက်ခဲလိုက်တော့ မိုင့်ဆီက နာကျင်တဲ့အော်သံထွက်လာသည်။
"မောင့်ကို အဆင့်တစ်ခုထပ်တက်ခွင့်ပေးပါလား"
မင်းအက္ခရာမောင်ဆိုတဲ့သူက တစ်ညတည်းမှာပင် သူ့အချစ်တွေအပြင် သူ့အသွေးအသားတွေကိုပါ လိုချင်နေပုံရသည်။ပုံမှန်ဆိုရင် ငြင်းမိမှာသေချာပေမယ့် မိုင်လည်း အခုချိန်မှာ ခန္ဓာကိုယ်က ပူလောင်နေတာကြောင့် ဘာမှတွေးမနေမိတော့ဘဲ လက်ခံမိလိုက်သည်။
မိုင့်ဆီက ခွင့်ပြုချက်ရပြီးတာနဲ့တစ်ပြိုင်နက် မောင်က သူ့အင်္ကျီကို အပေါ်သို့လှန်တင်လိုက်ကာ သူ့ရဲ့ ရင်ဘတ်ကိုစတင်နမ်းရှိုက်လာပြီး ချယ်ရီသီးနှစ်ခုကို လျှာနဲ့ကစားလေတော့သည်။ ချယ်ရီသီးတစ်ခုကို လျှာနဲ့ကစားရင်း ကျန်တဲ့တစ်ဖက်ကို လက်နှင့်ဖိချေကစားနေတဲ့သူကြောင့် မိုင့် ရင်ထဲတစ်မျိုးကြီးခံစားမိပြီး လူကမောဟိုက်လာသည်။ ထို့နောက် မောင်ကတစ်ဖြည်းဖြည်းနဲ့ အောက်လျောဆင်းလာကာ သူ့ရဲ့အဆီပိုမရှိတဲ့ ဗိုက်သားချပ်ချပ်ကို နမ်းရှိုက်လိုက်ပြီး တဒင်္ဂအတွင်းမှာပင် သူ့ဘောင်းဘီကိုဆွဲချွတ်လိုက်တာကြောင့် အောက်ပိုင်းက boxer တစ်ထည်ပဲကျန်တော့သည်။
မောင်ကသူ့ရဲ့boxerကို လက်ဖဝါးကြီးကြီးဖြင့် ပွတ်သပ်နေတာကြောင့် စိတ်တွေကမယိုးမယွဖြစ်နေတဲ့အချိန် ကျန်ရှိနေတဲ့ boxer ကိုပါဆွဲချွတ်လိုက်တော့ မိုင် ထအော်မိတော့သည်။
"မောင် ဘာလုပ်တာလဲပြန်ဝတ်ပေး"
"ဘောင်းဘီမချွတ်ပဲနဲ့ လုပ်လို့မှမရတာလေအချစ်ရယ်"
YOU ARE READING
10:15 Pm 🖤 (complete)
HorrorGhost နဲ့ Human တို့ရဲ့ တစ်ညတာအချစ်ဇာတ်လမ်းလေးအကြောင်းရေးထားတာပါ 🖤 မင်းအက္ခရာမောင် + မင်းဆက်မိုင် 🖤