Part 9 (End)

3.8K 230 26
                                    

မောင့်ရဲ့အတိတ်အကြောင်းတွေကို မိုင်ကြားသိလိုက်ရပြီး စိတ်မကောင်း‌ဖြစ်မိပေမယ့်လည်း သူ့သူငယ်ချင်းတွေကိုသတ်ခဲ့တဲ့အတွက်ကြောင့် သူ့စိတ်ထဲမှာ ချစ်ဖို့ထက် မုန်းဖို့က ပိုမိုကြီးစိုးနေမိသည်။

"ငါတို့တွေ ဒီမှာပဲပြတ်စဲကြတာပေါ့ ပြီးတော့ဒီကနေထွက်သွားတော့မယ်"

"မိုင် ဘာကိုဆိုလိုတာလဲ"

"ငါတို့တွေ ပြတ်ကြရအောင်မောင်"

"ဟင့်အင်း မောင်မပြတ်နိုင်ဘူး မင်းကိုချစ်လွန်းလို့ မင်းသူငယ်ချင်းတွေဆီကနေ ရအောင်ယူခဲ့တာ ဒီလိုလွယ်လွယ်နဲ့မောင့်ကို ထားခဲ့လို့မရဘူး"

မောင်ဟာ သိပ်အတ္တကြီးပါသည်။ မိုင် မောင့်ကိုရွံစရာကောင်းတဲ့သတ္တဝါတစ်ယောက်အဖြစ်ကြည့်လိုက်ကာ သူပြောလိုက်သည်။ဒီလိုမှမဟုတ်ရင်လည်း မောင်နဲ့သူဘယ်လိုမှပြတ်တော့မှာမဟုတ်။

"ငါက မင်းဘာသာမင်း သရဲပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ဆက်ချစ်မယ်လို့တွေးထားခဲ့တာ ဒါပေမယ့်....ဒါပေမယ့် ငါ့သူငယ်ချင်းတွေကိုသတ်တဲ့ လူသတ်သမားကိုတော့ ငါဘယ်နည်းနဲ့မှမချစ်နိုင်ဘူး"

မင်းအက္ခရာ သူ့ကိုကျောပေးကာရပ်နေတဲ့ချစ်ရသူကိုကြည့်ကာ သူတဖြည်းဖြည်းဒူးထောက်ထိုင်ချလိုက်သည်။ သူ့ဘ၀မှာ စာပဲလုံးပန်းခဲ့ရဖူးတော့ အချစ်ဆိုတဲ့အရာကို သူတစ်ခါမှမခံစားဖူးပေ။ သို့ပေမယ့် ကားပျက်ကာ ရောက်လာတဲ့ ပိန်သွယ်သွယ်ကောင်လေးတစ်ယောက်ကြောင့် သူ့ရင်တွေအဆမတန်ခုန်လာကာ အချစ်ဆိုတာကို သူသိရှိနားလည်လာသည်။ ဒါကြောင့် မိုင့်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ သေအောင်လုပ်ပြီးသူ့အနားမှာထားဖို့ သူဆုံးဖြတ်လိုက်သည်။ မိုင့်ရဲ့သူငယ်ချင်းတွေကိုလည်း မိုင်နဲ့အတူတူရှိစေချင်တဲ့အတွက်ကြောင့် တစ်ယောက်ချင်းစီကို သူလိုက်သတ်ကာ သူငယ်ချင်းတွေရဲ့ ဝိညာဉ်တွေကို သူကအုပ်ချုပ်ထားလေသည်။နောက်ဆုံးမှ မိုင့်ကိုသတ်ပြီး မိုင်နဲ့သရဲမင်္ဂလာပွဲပြုလုပ်ကာ အတူတူနေသွားကြမယ်ဆိုတဲ့အကြောင်းကို မင်းအက္ခရာ ‌မိုင့်ကိုပြောပြလိုက်တော့ မိုင်တစ်ယောက် လုံး၀ ထိတ်လန့်တုန်လှုပ်သွားလေတော့သည်။

10:15 Pm 🖤 (complete)Where stories live. Discover now