Part 2

3.4K 235 10
                                    

၁၅ မိနစ်လောက်လမ်းလျှောက်ခဲ့ကြပြီးနောက် တောကြီးရဲ့အလယ်ထဲမှာ ထီးထီးမားမားတည်ရှိနေတဲ့ ရှေးဟောင်းကျွန်းအိမ်ကြီးတစ်လုံးကို လွင်ဟိန်းတွေ့လိုက်ရသည်။အိမ်ကြီးက နှစ်ထပ်ကျွန်းအိမ်ကြီးဖြစ်ကာ ခေါင်းမိုးကို တစ်ခုတည်းမဆောက်ဘဲ ခေါင်မိုးနှစ်ခုကို မျက်နှာချင်းဆိုင် အပြိုင်သဖွယ်တည်ဆောက်ထားသည်။အိမ်ကြီးကို ရေနံဆေးဖြင့်သုတ်ထားတဲ့အတွက်ကြောင့် လုံး၀အရင်ခေတ်အိမ်ကြီးလိုဖြစ်နေပြီး အိမ်ကြီးအထဲမှာလည်း မီးတွေလင်းထိန်နေတော့  လွင်ဟိန်းတစ်ယောက် ၀မ်းသာအားရဖြစ်သွားကာ သူ့သူငယ်ချင်းတွေကို လှမ်းအော်တော့သည်။

"ငါ့ကောင်တို့ရေ ဒီနေ့တော့ လက်ကီးဒေးပဲဟေ့"

လွင်ဟိန်းရဲ့အော်သံအဆုံး ကျန်တဲ့သူတွေက အပြေးအလွှားလာကြည့်ကြပြီး လွင်ဟိန်းလက်ညိုးထိုးပြနေတဲ့ အိမ်ကြီးကိုကြည့်လိုက်ကြသည်။

"ဒီတောထဲမှာ အိမ်ရှိမှန်းမကြားဖူးပါဘူး"

အိန္ဒြာခင်ကပြောတော့ ဂျူးဂျူးမေကပြန်ပြောလိုက်တယ်။

"ငါတို့က ဒီဘက်မှမရောက်ဖူးကြတာလေ ရှိရင်ရှိကြမှာပေါ့ဟ"

"ဒီညတော့ အိမ်ရှင်တွေကိုခွင့်တောင်းပြီး တစ်ညလောက်တည်းကြတာပေါ့ မနက်ရောက်မှ အနီးအနားက ဆီဆိုင်မှာ ဆီဖြည့်ပြီး ငါတို့တွေ ပြင်ဦးလွင်တက်ကြမယ်"

မိုင်ကပြောပြီး ရှေ့ကနေဦးဆောင်ကာသွားတော့ အနောက်ကနေ ရှင်းသန့်မေက ဗျစ်တောက်ဗျစ်တောက်ပြောပါလေရော။

"အစကတည်းက ပစ္စည်းတွေသေချာစီစဉ်ပြီးမှသွားပါဆို သောက်ကောင်က ဖင်ကျယ်ပြီး အဆန်းထွင်ချင်နေတာ"

"အခုလည်း မရောက်ဖူးတဲ့နေရာမှာ တစ်ညအိပ်ရမှာပဲလေ ဟိုတယ်မဟုတ်တဲ့ သူစိမ်းအိမ်မှာ တည်းခိုရမှာဆိုတော့ ဘာပဲဖြစ်ဖြစ် ခံစားချက်တစ်မျိုးရတာပေါ့ မဟုတ်ဘူးလား"

"ဘာမှမဟုတ်ဘူး"

"ကဲခုမှတော့ ဘာမှငြင်းမနေနဲ့တော့ လုပ်ခဲ့ပြီးကြမှ သူ့အပြစ်တင် ငါ့အပြစ်တင်နေလို့ ဘာမှဖြစ်မလာတော့ဘူး"

10:15 Pm 🖤 (complete)Where stories live. Discover now