"အိမ်ပိုင်ရှင်ဆိုတဲ့ကောင် ထွက်လာခဲ့စမ်းပါ"
လွင်ဟိန်းရဲ့အသံက တစ်အိမ်လုံးကိုလွှမ်းခြုံသွားတာကြောင့် အခန်းကြားတွေထဲမှာအိပ်နေတဲ့လင်းနို့တွေတောင် လန့်ကာ ပျံသန်းသွားတာကိုတွေ့လိုက်ရသည်။လွင်ဟိန်ကျယ်လောင်စွာအော်နေပေမယ့် အိမ်ပိုင်ရှင်ဆိုတဲ့ကောင်က ထွက်မလာခဲ့ပေ။
"နေအုန်း ငါအခုမှသတိရမိတယ်"
ဂျူးဂျူးမေရဲ့အသံကြောင့် ကျန်တဲ့သူတွေက သူ့ကိုလှမ်းကြည့်လာသည်။
"ငါတို့အခန်းထဲ၀င်မယ်လုပ်နေတုန်း သူငါတို့အခန်းရဲ့ ငါးခန်းမြောက်အခန်းထဲကို ၀င်သွားတာငါတွေ့လိုက်တယ်"
သစ်လွင် _ "ဒါဆို အဲ့ဒီအခန်းကိုသွားကြည့်ကြတာပေါ့"
အားလုံး အိမ်ပေါ်ထပ်သို့ပြန်တက်ကာ ဂျူးဂျူးမေညွှန်းပြတဲ့အခန်းဆီသို့ သွားလိုက်ပြီး အခန်းရှေ့ရောက်တော့ သစ်လွင်က တံခါးကိုထုရိုက်ကာ အော်လိုက်သည်။
"အိမ်ပိုင်ရှင်ဆိုတဲ့ကောင် အခုချက်ချင်း ထွက်ခဲ့စမ်းပါအုန်း"
ဒုန်း ဒုန်း....
လွင်ဟိန်း _ "မင်းလူသတ်ပြီး ပုန်းမယ်မကြံနဲ့နော် သတ္တိရှိရင် အခုချက်ချင်းထွက်လာခဲ့"
အားလုံးကိုယ်စီ တုတ်၊ ဓား တစ်ခုဆီကိုင်ဆောင်ထားကြပြီး အဲ့လက်နက်တွေကို အနောက်မှာဖွက်ထားကြသည်။
အပြင်ကနေ တံခါးထုသံကြားနေရတာကြောင့် မိုင်နောက်တစ်ကြိမ်ပြန်နိုးလာခဲ့သည်။သူနိုးလာခဲ့တဲ့အချိန်တွင် ဘေးမှာ မောင်ကရှိမနေခဲ့။ကျောရိုးနဲ့အောက်ပိုင်းတစ်လျှောက် နာကျင်နေတဲ့ဝေဒနာကို လစ်လျူရှုလိုက်ရင်း အခန်းတံခါးဆီသို့ သူဖြေးဖြေးချင်းသွားလိုက်ပြီး တံခါးဖွင့်လိုက်တော့ အပြင်မှာရပ်နေကြတဲ့ သူငယ်ချင်းတစ်စုကိုတွေ့လိုက်ရသည်။
"ဟင် မင်းတို့ဘာဖြစ်လာကြတာလဲ တစ်ကိုယ်လုံးစိုရွဲနေကြပါလား"
မိုင်မေးတော့....
လွင်ဟိန်း - "မင်းကဘယ်လိုလုပ်ဒီအခန်းထဲရောက်နေတာလဲ"
YOU ARE READING
10:15 Pm 🖤 (complete)
HorrorGhost နဲ့ Human တို့ရဲ့ တစ်ညတာအချစ်ဇာတ်လမ်းလေးအကြောင်းရေးထားတာပါ 🖤 မင်းအက္ခရာမောင် + မင်းဆက်မိုင် 🖤