အိပ်နေရင်းမှ ပြေးသံတွေကြားနေမိတာကြောင့် မိုင် တစ်ဆစ်ဆစ်ကိုက်နေတဲ့ ခေါင်းကိုအသာဖိကာ အိပ်ယာပေါ်မှာထထိုင်လိုက်သည်။ ထိုစဉ် မောင်က အခန်းအပြင်ကနေ မုန့်နဲ့အအေးပန်းကန်ထည့်ထားတဲ့လင်ဗန်းယူလာကာ အခန်းထဲ၀င်လာသည်။
"မောင် အပြင်မှာအသံတွေကြားတယ် ဘာဖြစ်နေကြတာလဲ"
"ဘာအသံမှမကြားရပါဘူးအချစ်ရဲ့ အချစ်စိတ်ထင်နေလို့နေမှာ"
"မဟုတ်ဘူးမောင် အသံတကယ်ကြားလို့ထထိုင်လိုက်တာ သူငယ်ချင်းတွေဘာဖြစ်လို့လဲမသိဘူး ငါအပြင်ခနထွက်ကြည့်အုန်းမယ်"
မိုင် အိပ်ယာပေါ်ကနေထမယ်လုပ်တော့ အောက်ပိုင်းတစ်နေရာကနေ စူးကနဲဖြစ်လာတဲ့ခံစားချက်ကြောင့် မတ်တပ်မရပ်နိုင်ပဲ နောက်တစ်ကြိမ်အိပ်ယာပေါ်သို့ ပြန်လဲကျသွားသည်။
"အားးးကျွတ်ကျွတ်"
မင်းအက္ခရာမောင် လင်ဗန်းကိုစားပွဲခုံပေါ်သို့ချလိုက်ပြီး မိုင့်ဆီသွားလိုက်သည်။
"မိုင့်ကို မောင်ပြောတယ်လေကွာ မထသေးပါနဲ့ဆို"
"မောင် ငါတအားနာတယ်"
"နာမှာပေါ့အချစ်ရယ် အဲ့တာကြောင့် အိပ်ယာပေါ်မှာပဲနေနော် အပြင်မှာလည်းဘာမှမဖြစ်ဘူး ခုနက မောင်TV ဖွင့်ထားခဲ့တာ"
"တကယ်ကြီး TV ဖွင့်ခဲ့တာလား"
"အင်းလေ မောင်က အချစ်ကိုလိမ်စရာလား အချစ်ကမောင့်ကိုမယုံဘူးလား"
"အာ...ယုံပါတယ် "
"ပြောနေတဲ့ပုံကလည်း .....ဟင်း မယုံတော့လည်း မောင့်ကံပဲပေါ့လေ"
မင်းအက္ခရာမောင် စိတ်အားငယ်နေတဲ့ပုံလုပ်ကာ ကုတင်ဘေးမှာခေါင်းငုံကာ၀င်ထိုင်လိုက်တော့ မိုင် သူစကားပြောမိတာမှားပြီဟု ထင်မိသွားသည်။ မိုင် မောင့်ဆီသို့သွားလိုက်ကာ မောင့်ကိုလှမ်းဖက်လိုက်ပြီး ကျောပြင်ကို သူ့လက်နဲ့ပွတ်သပ်ပေးနေမိသည်။
"ငါက မောင့်ကိုမယုံတာမဟုတ်ပါဘူးနော် မောင်နဲ့ငါနဲ့က ခုမှတွေ့ဖူးတာဆိုပေမယ့် ငါမောင့်ကိုအရမ်းချစ်တာသိတယ်မလား ပြီးတော့သူငယ်ချင်းတွေကလည်း နည်းနည်းဆိုးတော့လေ ခုနကကြားတဲ့အသံတွေက သူတို့တစ်ခုခုဖြစ်တယ်ထင်လို့ပါ"
YOU ARE READING
10:15 Pm 🖤 (complete)
УжасыGhost နဲ့ Human တို့ရဲ့ တစ်ညတာအချစ်ဇာတ်လမ်းလေးအကြောင်းရေးထားတာပါ 🖤 မင်းအက္ခရာမောင် + မင်းဆက်မိုင် 🖤