ကြီးကျယ်ခမ်းနားလှတဲ့မဂ်လာခန်းမထဲမှာလူတစ်ယောက်ဟာစင်ပေါ်မှာစကားပြောနေ၏။လူလတ်ပိုင်းအရွယ်ဆိုတာသိသာပေမဲ့ထိုလူဟာခုထိချောမောနေသေးသည်။''ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော်အကုန်သိတယ်လို့ထင်ခဲ့ဖူးတယ် အချစ်ဆိုတာဘာလဲသိတယ်ထင်ခဲ့တာလေ ''
''ဒါပေမဲ့ကြီးလာတော့မှဘဲ ကိုယ့်ကိုကိုယ်ဘာမှမသိမှန်းသိလာတော့တာ... ''
ဂျီဝွန်းသက်ပြင်းတစ်ချက်ချရင်းဆက်ပြောသည်။သူ့ပုံစံကအတိတ်တစ်ခုကိုလွမ်းဆွတ်နေတာနဲ့တောင်တူနေသည်။
''ကျွန်တော် အချစ်ကို ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးအရာလို့ထင်ခဲ့တယ် ကျွန်တော်မှားသွားတယ်... အချစ်ထက်ပိုပြီးစွမ်းအားပြင်းတဲ့အရာကိုပြောပါဆိုရင်...''
''အချိန်ဘဲဗျာ့ Timing ချိန်သားကိုက်တယ်ဆိုတာကလေ တကယ့်ကိုစောက်တလွဲကြီးဗျာ့''
ဂျီဝွန်းပြောလိုက်တဲ့စကားကြောင့်ခန်းမတစ်ခုလုံးရယ်သံတွေနဲ့လွှမ်းသွားတော့သည်။သေချာပေါက်ဂျီဝွန်းလည်းရယ်နေခဲ့တာပေါ့။ဒါပေမဲ့ သူဆက်ပြောဖို့ပြင်လိုက်သည်။သူတကယ်ပြောချင်တဲ့အကြောင်းအရာကအနောက်မှာကို။
''အချစ်ကိုမှန်ကန်တဲ့အချိန်မှာတွေ့ခဲ့ကြတဲ့လူတွေကတကယ်ကံကောင်းကြတာဗျာ့ ''
သူ့အဖေကင်မ်ဂျီဝွန်းကသူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့အန်တီဟယ်ဗြောရဲ့မဂ်လာဆောင်မှာစကားပြောပေးနေတဲ့အချိန်မှာ ဂယူဗင်းကတော့မကြာသေးခင်ကမှသိတဲ့သူ့အဖေရဲ့လုပ်ငန်းပါတနာရဲ့မြေးမငယ်ငယ်လေးကိုအိမ်သာအလွတ်တစ်ခုထဲဆွဲထည့်ပြီးနေပြီ။
''ခဏလေး ရှင်ကျွန်မကိုချစ်ပါတယ်နော်''
''အင်း ချစ်တယ်''
''ကျွန်မလည်းချစ််တယ်''
နမ်းမလို့ပြင်တဲ့အချိန်မှာမေးလာတဲ့မေးခွန်းကိုသူဖြစ်သလိုဖြေချလိုက်သည်။အဲ့လောက်လည်းအရေးမပါနေဘူးလေ။သူကအချစ်ဆိုတာကိုလည်းယုံကြည်ဖို့အရမ်းကိုအဝေးရောက်လွန်းတဲ့ကောင်မျိုး။သူအခုစိတ်ဝင်စားတာကထိုကလေးမနဲ့နှစ်ပါးသွားလေးကဖို့ဘဲ။