Chapter 12

178 17 2
                                    

ဦးလေးဂျက်ကော့ကဂယူဗင်းတို့ကိုကားနဲ့လာခေါ်ပေးတာမို့အရင်လိုလျှောက်ပြေးနေစရာမလိုတော့။ဒါပေမဲ့ဦးလေးဂျက်ကော့ကဂယူဗင်းကိုတစ်လှည့်ကားနောက်ခန်းမှာထိုင်နေတဲ့ယူဂျင်းကိုတစ်လှည့်ကြည့်နေသည်။ဂယူဗင်းရဲ့အမေးစကားလုံးတွေပါတဲ့မျက်ဝန်းတွေနဲ့ဆုံသွားမှဦးလေးဂျက်ကော့ကတစ်ချက်ပြုံးရင်းစကားစလာသည်။

''အာ ဘာရယ်မဟုတ်ပါဘူး မင်းတို့နှစ်ယောက်ကိုတွေ့ရတာ ထူးဆန်းနေလို့ ဂျီဝွန်းနဲ့ချွမ်ရွေ့ကိုသွားသတိရလို့လေ''

''အဲ့တာဆို ဦးလေးကဂျယ်ဂျူကပေါ့''

ထိုကောင်လေးရဲ့စပ်စုချင်စိတ်ကစလာပြန်ပြီထင်ပါရဲ့။

''အာ မဟုတ်ဘူး အလုပ်နဲ့လာတာ ဘာတွေဖြစ်လဲ ကြားတော့သူတို့ကဖုန်းဆက်တာနဲ့ မင်းတို့ဒီမှာရှိမှန်းသိသွားတာ ''

''ဒါဆို ဟျောင်းအဖေဘယ်မှာလဲ သိတယ်ပေါ့''

''အင်းလေ အခုအဲ့ကိုသွားနေတာ''

''အား!!"

ထိုကောင်လေးဟာအနောက်ကနေအော်ဟစ်ရင်းဂယူဗင်းကိုလည်းထုရိုက်နေသေးသည်။ဘယ်လိုလေးလဲ အသဲယားဖို့ကောင်းအောင်။

''သူတို့နှစ်ယောက် တကယ်တွေ့ဖို့လိုအပ်နေလို့ပါ''

ဂျက်ကော့ပြုံးရုံဘဲပြုံးပြလိုက်သည်။ထိုကောင်လေးဟာချွမ်ရွေ့နဲ့အတော်လေးတူတယ်လေ။

''ဦးလေး ယူဂျင်းဦးလေးနဲ့အဖေဘာလို့မပေါင်းထုတ်ဖြစ်လဲ ဦးလေးသိလား''

ဂျက်ကော့ခဏတော့ငြိမ်လိုက်ရသည်။သူကအဲ့အချိန်တုန်းကဗီလိန်နီးပါးတောင်ဖြစ်ခဲ့တာကို။

<<<<<<<<<

''ချွမ်ရွေ့ ဒီမှာရှိနေတာဘဲ ငါနဲ့လိုက်ခဲ့ပေး''

''ငါ ကိုကို့ကိုစောင့်နေတာ''

ချွမ်ရွေ့ ကိုကို့ကိုဘယ်မှာမှရှာမတွေ့တာမို့ကိုကိုသွားနေကြဘိလိယက်ဆိုင်မှာလာထိုင်နေခြင်းဖြစ်သည်။ဒါပေမဲ့ဂျက်ကော့ကဘယ်ကရောက်လာတယ်မသိ။သူ့ကိုလာခေါ်တော့သည်။

''အခုလည်းဂျီဝွန်းခေါ်ခိုင်းလိုက်တာ လာလိုက်ခဲ့ သူအခုဆေးရုံမှာ''

Somewhere, Someone in lovedWhere stories live. Discover now