Chapter 7

161 21 1
                                    

''အ့''

ချွမ်ရွေ့အားကစားချိန်ပြီးလို့ရေသောက်နေတုန်းချွမ်ရွေ့ရဲ့ခေါင်းကိုဘောလုံးတစ်လုံးကလာမှန်တော့သည်။ချွမ်ရွေ့လှည့်ကြည့်လိုက်တော့လည်းဆက်တိုက်ပစ်ဝင်လာတဲ့ဘောလုံးတွေကမျက်နှာကိုလာမှန်သည်။လက်နဲ့ကာထားပေမဲ့မျက်မှန်ကကျကွဲသွားတာမို့သေချာကာထားလို့မရဖြစ်နေသည်။သူ့ကိုကောင်မလေး လေး၊ငါးယောက်ပေါင်းပြီးဘက်စကတ်ဘော ဘောလုံးတွေနဲ့ပေါက်နေတာဘဲ။

''နင်ကအရမ်းမုန်းဖို့ကောင်းတယ်''

''အကြီးကြီးမှန်းတဲ့ကောင်!''

''လူစိတ်ဝင်စားအောင်လုပ်တဲ့ကောင်!''

''ပိုင်းလုံးကောင်!''

''တော်ပါတော့!''

ချွမ်ရွေ့တားမြစ်ပေမဲ့လည်းထိုကောင်မလေးတွေဟာမရပ်ဘဲချွမ်ရွေ့ကိုလာပြီးသူတို့လက်သည်းတွေနဲ့ဆွဲကုတ်နေတော့သည်။ဆွဲစုတ်ခံထားရတဲ့လက်မောင်းနေရာကလည်းနာကျင်နေသည်။ချွမ်ရွေ့ကိုဘယ်သူကမှဒီလောက်ထိအနိုင်မကျင့်ဖူးဘူး။ကင်မ်ဂျီဝွန်းတောင်အဲ့လိုမလုပ်ဖူး။

''သစ္စာမရှိတဲ့ကောင်!''

''အပျက်ကောင်!''

ဘောလုံးတွေနဲ့အတင်းပစ်ပေါက်နေတဲ့ကြားထဲကနေချွမ်ရွေ့ထွက်ပြေးလာလိုက်သည်။အဲ့တာတောင်မှနောက်ပါးဆီမှအော်ပြောနေတဲ့အသံကိုချွမ်ရွေ့ကြားရသေးသည်။

''အိမ်မက်ကနေနိုးထလိုက်တော့ နင်နဲ့ဂျီဝွန်းကလုံးဝမတန်ဘူး''

...

''ဟေ့ သတိထားလေ''

ချွမ်ရွေ့တွေ့သမျှလူအကုန်တိုးတိုက်လို့ထွက်ပြေးလာလိုက်သည်။တောင်းပန်စကားတောင်မပြောတော့ဘဲမရပ်မနားပြေးလွှားနေမိသည်။သူ့ရှေ့ကိုကားတစ်စီးထိုးမရပ်ခင်ထိပေါ့။ထိုလူကအော်မလို့ပြင်ပြီးမှချွမ်ရွေ့မှန်းသိတာနဲ့ကားပေါ်ကဆင်းလာတော့သည်။ဝေဝါးနေတဲ့အမြင်အာရုံတွေကြားကနေတောင်ထိုလူကကင်မ်ဂျီဝွန်းမှန်းသိလိုက်တာနဲ့ချွမ်ရွေ့ထိုနေရာမှာထိုင်ချလို့ဒူးပေါ်ကိုမျက်နှာမှောက်ထားလိုက်သည်။

''ချွမ်ရွေ့ ဘာဖြစ်လို့လဲ''

ဂျီဝွန်းအတင်းမော့ယူကာကြည့်လိုက်တဲ့မျက်နှာလေးဟာမျက်ရည်တွေနဲ့စိုကပ်နေ၏။ဆံပင်တွေကလည်းရှုပ်ပွနေပြီး မျက်မှန်မပါတဲ့မျက်ဝန်းကြည်တောက်တောက်လေးတွေကမျက်ရည်ဥတွေအပြည့်။ချက်ချင်းကြွေကျတော့မလိုဖြစ်နေသည်။ဂျီဝွန်းပင့်သက်တစ်ချက်ရှိုက်လိုက်ရင်းသေချာကြည့်နေမိသည်။ဒါပေမဲ့ချွမ်ရွေ့ဟာရှောင်ဖယ်ကာအကြည့်ချင်းလွဲသည်။

Somewhere, Someone in lovedWhere stories live. Discover now