(Comment တွေလည်းမရေးကြတော့ဘူးဗျာ)
''အမယ်လေး ကင်မ်ဂျီဝွန်းရေ အတန်းလာမတက်ရင်လည်းမလာဘူး လာရင်လည်းနောက်ကျလိုက်ရမှနော်''
''တောင်းပန်ပါတယ်''
ဂျီဝွန်းအခန်းထဲဝင်လာလိုက်တာနဲ့ဆရာမကတန်းပြီးဂျီဝွန်းကိုပြောတော့သည်။အမှန်ဆိုအတန်းတက်ဖို့စိတ်မပါပေမဲ့သူမလာရင်တစ်ယောက်ယောက်ကမျှော်နေမယ်ထင်လို့လာတာ။သူ့ဘယ်ဘက်ကချွမ်ရွေ့ထိုင်နေကြနေရာလေးကိုမျှော်ကြည့်လိုက်တော့ချွမ်ရွေ့မရှိနေ။
''ချွမ်ရွေ့ ဘယ်မှာလဲ''
''မသိဘူးလေ မင်းနဲ့ရှိနေတာ မဟုတ်ဘူးလား''
ဂျွန်မင်ကပုခုံးလေးတွန့်ပြီးပြန်ပြောတာမို့ဂျီဝွန်းစိတ်ထဲနှောက်ကျိသွားရတော့သည်။သူ့ရဲ့ဘီပါကိုဖွင့်ကြည့်တော့လည်းချွမ်ရွေ့ဟာဘာဘာညာညာစာလေးတစ်စောင်တောင်မပို့ထား။ဘာများဖြစ်နေလဲလို့ဂျီဝွန်းရဲ့စိတ်ထဲထိတ်ခနဲတော့ဖြစ်သွားသည်။ဒါပေမဲ့သူစာဘဲဆက်သင်နေလိုက်သည်။
.......
''ချစ်ရပါသောဟယ်ဗြောလ်ရေ ကိုယ်မင်းကိုချစ်နေတာကြာပါပြီ''
''ပြန်ပေးလို့''
'' မင်းကကိုယ့်ရဲ့ကြယ်လေးပါ ''
မင်းဂျယ်ရဲ့ရည်းစားစာကိုဂျွန်မင်နဲ့ဟယ်ဗြောတို့အမွှာနှစ်ယောက်ကအကျယ်ကြီးအော်ဖတ်နေတော့သည်။မင်းဂျယ်ကပြန်တောင်းပေမဲ့မပေးတာမို့အခြေအနေကအနည်းငယ်လောက်တော့ဘရုတ်ကျနေသည်။အရင်လိုဆိုဂျီဝွန်းပါဝင်ပါတတ်ပေမဲ့ဒီနေ့တော့လှေကားပေါ်မှာသာငြိမ်ငြိမ်လေးထိုင်နေမိသည်။သူချွမ်ရွေ့ကိုဒီနေ့တစ်နေ့လုံးမတွေ့ရသေးဘူးလေ။ဆက်သွယ်လို့လည်းမရနဲ့။
''ဟေ့ မက်သရူး''
''အာ ဂျီဝွန်းဟျောင်း''
ဂျီဝွန်းငိုင်နေတုန်းသူ့ဘေးကနေအလျင်စလိုဖြတ်သွားတဲ့မက်သရူးကြောင့်ဂျီဝွန်းလှမ်းခေါ်လိုက်သည်။
''ချွမ်ရွေ့ဘယ်မှာလဲသိလား''
''မသိဘူး''
''သူမင်းကိုဆက်သွယ်သေးလား ငါဆက်သွယ်နေတာမရလို့ ဘာမှလည်းမပြောသွားဘူး''