Chapter 4

224 24 2
                                    

''အဲ့တော့ ဘယ်လိုလုပ်လိုက်တာလဲ''

''သူလိုချင်တာပေးလိုက်တယ်လေ တွေ့ကြမယ်လို့ပြောလိုက်တယ်''

''အဲ့နေရာကဘယ်မှာလဲ''

''ငါလည်းမသိဘူးလေ''

မက်သရူးကသူ့ရည်းစားလေးဆောင်းဟန်ဘင်းနဲ့ဘိလိယက်ထိုးဖို့လာတဲ့နောက်ကိုချွမ်ရွေ့လိုက်လာရင်းသူ့ဆီကိုစာတွေပို့နေတဲ့လူကိုလှည့်နိုင်ခဲ့ကြောင်းဂုဏ်ယူစွာပြောလိုက်သည်။ဒီအချိန်ဆိုအဲ့လူကတွေ့နေကြနေရာလေးမှာစောင့်နေလောက်ရောပေါ့။ဆောင်းဟန်ဘင်းကတော့လန့်ပြီးသူ့ရည်းစားလေးမက်သရူးကိုတောင်အတင်းဖက်တော့သည်။ပြီးမှ...

''Sorry baby မင်းဘဲတွေ့မယ်ပြောလိုက်ပြီးတော့''

''စာတွေထပ်မပို့အောင်ပြောလိုက်တာပါဘဲ''

''အခုဆိုစောင့်နေလောက်ပြီ သနားပါတယ်''

မက်သရူးရဲ့ပိုပိုသာသာစကားကြောင့်ချွမ်ရွေ့မျက်နှာလေးနည်းနည်းပျက်သွားသည်။သူအဲ့တာကိုမတွေးလိုက်မိဘူးလေ။

''ချွမ်ရွေ့ကအသဲမာလိုက်တာ ကျောက်တုံးကြီးများလား''

နောက်ဆက်တွဲပြောလာတဲ့ဆောင်းဟန်ဘင်းရဲ့စကားကြောင့်ချွမ်ရွေ့ဘေးနားကဘိလိယက်ထိုးတဲ့တုတ်ကိုကောက်ကိုင်လိုက်ရင်း...

''ဘယ်လိုဆော့ရတာလဲ''လို့သာမေးလိုက်တော့သည်။

''သင်ပေးကြည့်''

''ထွက်သွားကြ ဒါငါ့နေရာ''

ချွမ်ရွေ့လက်ထဲကတုတ်ကိုလာလုယူသွားတာမို့ချွမ်ရွေ့ကြည့်လိုက်တော့ဟိုနေ့ကသူ့ကိုဝင်တိုက်သွားတဲ့ဂန်းစတားဖြစ်သည်။ဒီနေ့တော့ဆံပင်တွေကိုစုမချည်ထားဘဲ အပေါ်ကဘင်းနီဦးထုပ်ဆောင်းထားသည်။ဂျင်းပြာနဲ့အပေါ်ကုတ်အကွက်စိတ်ကထိုလူနဲ့မှလိုက်နေသလိုလိုတောင်ထင်ရသည်။

''ထွက်သွားလို့''

''လာလာ သွားရအောင်''

ထိုလူနောက်တစ်ခွန်းပြောလာတဲ့အချိန်မှာမက်သရူးရောဆောင်းဟန်ဘင်းရောကနေရာဖယ်ပေးဖို့ပြင်ကြသည်။ဒါကြီးကတော့မဟုတ်သေးပါဘူး။ပြီးတော့ထိုင်ခုံပေါ်တင်ထားတဲ့ချွမ်ရွေ့ရဲ့စာအုပ်နဲ့အိတ်တွေကိုပါစားပွဲပေါ်ပစ်ချလာသေးသည်။

Somewhere, Someone in lovedWhere stories live. Discover now