Chapter 11

165 14 0
                                    

''ကိုကို ဘယ်သွားနေတာလဲ ဒါအိမ်ပြန်တဲ့လမ်းမှမဟုတ်တာ''

''ခဏနေ ရောက်ရင်သိမှာပေါ့''

ပါးပါးကအိမ်ပြင်ပေးထွက်တာကိုတားထားတာမို့ခိုးထွက်ပြီးလာတွေ့တဲ့ခဏလေးကို ကိုကိုကဘယ်ခေါ်သွားမလို့လဲမသိဘူး။အိမ်ကသူ့မိသားစုဝင်တွေစိတ်ပူနေမယ်ဆိုတာကိုသိပေမဲ့ချွမ်ရွေ့ဟာဂျီဝွန်းနောက်ကိုသာအကန်းပမာလိုက်ဖို့ပြင်လိုက်တော့သည်။အချစ်ဆိုတဲ့အရာတစ်ခါတစ်လေအဲ့လိုရူးမိုက်တဲ့စွဲလမ်းမှု့မျိုးကိုပေးသည်။

......

''ကိုကို ဒီကိုဘာလို့ခေါ်လာတာလဲ''

''ဟိုတစ်ခါသွားချင်တယ်လို့ပြောဖူးလို့လေ''

''ကျွန်တော်ကဒီတိုင်းပြောလိုက်တာပါ''

ချွမ်ရွေ့ကဒီတိုင်းပြောလိုက်ပေမဲ့ကိုကိုကမှတ်ထားတာမို့ပျော်သွားရတော့သည်။ကိုကိုကသူဘာပြောပြောအလေးထားတယ်ထင်ပါရဲ့။

''လာ Love landကိုအရင်သွားကြမယ် ​ပြီးမှHallasan national park သွားကြည့်မယ်''

''အွန်း ကိုကို့သဘော''

>>>>>>

''အဆင်ပြေရဲ့လား''

''အင်း အဆင်ပြေတယ်''

မိုးကရုတ်တရက်ကြီးရွှာချလာတာမို့အမိုးကာလိုက်ပေမဲ့လည်းမိုးနည်းနည်းပတ်သည်။ဒါပေမဲ့ဂယူဗင်းနဲ့ပူးကပ်နေရတာမို့ယူဂျင်းမျက်နှာကပြုံးစိစိဖြစ်နေသည်။ကြည့်ရတာတော့ယူဂျင်းထိုလူကိုသဘောကျနေမိပြီထင်ပါရဲ့။

''ဘာလို့ပြုံးနေတာလဲ''

''ခင်ဗျားရေမွှေးကမွှေးလို့လေ မွှေးတယ်''

''မင်းကတော့လေ''

ဂယူဗင်းကယူဂျင်းရဲ့ခေါင်းလေးကိုခပ်ဖွဖွတွန်းပြီးပြုံးကာပြောလာတော့သည်။

...

''လေယာဥ်အမှတ်607ဟာပျက်ကျခဲ့တာဖြစ်ပေမဲ့ ဂျယ်ဂျူကျွန်းမှာအရေးပေါ်သက်ဆင်းခဲ့ပါသေးတယ် ခရီးသည်တွေကို ဂျယ်ဂျူကျွန်းရဲ့ဆေးရုံအသီးသီးကိုပို့ဆောင်ထားတယ်လို့သတင်းရပေမဲ့ အာဏာပိုင်တွေကသေချာစုံစမ်းနေဆဲဖြစ်ပါသည်။ ခရီးသည်တွေရဲ့မိသားစုဝင်တွေကတော့ထိုနေရာကိုတရှိန်ထိုးသွားနေကြပြီဖြစ်ပါတယ်''

Somewhere, Someone in lovedWhere stories live. Discover now