Chapter 8

172 14 0
                                    

''ပြီးသွားပြီ''

ဂျီဝွန်းအသစ်လုပ်လာပေးတဲ့မျက်မှန်လေးနဲ့ဆွယ်တာအပါးလေးဝတ်ထားတဲ့ချွမ်ရွေ့ဟာအတော်လေးချောတာကိုကိုတော့ဂျီဝွန်းဝန်ခံရမည်။

''သွားရအောင် Suprise ရှိတယ်''

''အင်း!''

....

ချွမ်ရွေ့တို့ကားပေါ်ကနေဆင်းလာတော့ကျောင်းသားတော်တော်များများဝိုင်းကြည့်နေကြတော့ချွမ်ရွေ့ရှက်လာရတော့သည်။လက်သေးသေးလေးနဲ့လည်ပင်းနောက်နားလေးကိုပွတ်သပ်ရင်းချွမ်ရွေ့မျက်နှာလေးကရဲနေမှာသေချာသလောက်ရှိသည်။

''အဆင်သင့်ဘဲ ဂျီဝွန်း''

''လာ သွားမယ် အာ ခဏလေး အတွဲတွေနဲ့တူသွားပြီ''

မင်းဂျယ်ကလာပြောတာနဲ့ကင်မ်ဂျီဝွန်းကချွမ်ရွေ့လက်ကိုလာဆွဲတော့သည်။ပြီးမှလက်ခဏလွှတ်ပြီးချွမ်ရွေ့နဲ့ဆင်တူမျက်မှန်ကောက်တပ်တော့သည်။ပြီးမှချွမ်ရွေ့လက်ကိုဆွဲပြီးလူအုပ်ကြီးထဲခေါ်သွားတော့သည်။

''ချွမ်ရွေ့ကြည့် ''

''ဂျီဝွန်းဟျောင်း ဘာတွေလဲ''

ဒါပထမဆုံးပြောင်းလဲသွားတဲ့အခေါ်အဝေါ်ဘဲ။မက်သရူးပြောတာတော့ထိုလူကသူ့ထက်အသက်ကြီးတယ်တဲ့လေ။ပြီးတော့ဟိုနေ့ကချွမ်ရွေ့ကိုဝိုင်းအနိုင်ကျင့်လိုက်တဲ့ကောင်မလေးတွေကလူအုပ်ကြီးကြားထဲမှာဒူးထောက်နေရတော့သည်။အခြေအနေကသိပ်မူမမှန်တဲ့ကြားထဲ ချွမ်လုကပါရောက်လာတော့သည်။ဒါပေမဲ့ဂျီဝွန်းတို့ရဲ့အနောက်မှာမလို့ ဂျီဝွန်းမမြင်လိုက်ဘူးထင်ပါရဲ့။

''တောင်းပန်!''

''တောင်းပန်ပါတယ်~''

ဂျီဝွန်းရဲ့လေသံမာမာနောက်မှာကောင်မလေးတွေကချွမ်ရွေ့ကိုတိုးဖွဖွလေးတောင်းပန်လာတော့သည်။

''စိတ်မပါကြဘူးဘဲ ငါ့ကိုပေး''

ကင်မ်ဂျီဝွန်းဘေးကသူ့လူတွေနားကနေဘောလုံးနှစ်လုံးယူလိုက်ပြီးချွမ်ရွေ့ကိုပေးလာသည်။

''ပစ်လိုက် ချွမ်ရွေ့''

''မျက်နှာကိုပစ်လိုက်''

Somewhere, Someone in lovedWhere stories live. Discover now