Chapter 3

264 27 4
                                    


''စောင့်ပါအုံးလား သားရယ်''

အိမ်ထိန်းအဒေါ်ကြီးရဲ့စကားကိုလည်းဂယူဗင်းမသိချင်ယောင်ဆောင်လိုက်သည်။လိုအပ်တဲ့ပစ္စည်းအနည်းငယ်ကိုသာဂယူဗင်းဆက်ထည့်နေလိုက်သည်။

''ဂယူဗင်း လေယာဥ်လက်မှတ်တွေကအကုန်ရောင်းကုန်သွားပြီ''

''သွားရအောင် ဂွန်းဝု''

''ငါအဖေကငါ့ကိုပေးမသွားဘူးကွ''

''ဟုတ်တယ် ဂယူဗင်း အန်တီပြောနေတာဒီမှာဘဲနေပါဆိုတာကို''

အိမ်ထိန်းအဒေါ်ကြီးဟာလက်လျော့ချင်သေးပုံမရဘူး။ဂယူဗင်းရဲ့ဗီဒိုရှေ့ပိတ်ရက်လို့ဂယူဗင်းကိုသွားခွင့်မပေးနိုင်ကြောင်းတဖွဖွပြောနေတော့သည်။

''ဒီမှာဘဲနေပြီး လူပျောက်ရှာဖွေရေးကသတင်းကိုစောင့်ပါဆို!!"

အနောက်ကအိမ်ထိန်းအဒေါ်ကြီးရဲ့အသံကိုမကြားချင်တော့တာမို့ဂယူဗင်းအမြန်ပြေးထွက်လာလိုက်သည်။အနောက်ကအော်နေတဲ့ဂွန်းဝုအသံကိုလည်းသူကြားပါရဲ့။

''ပြောမနိုင်ဆိုမနိုင်နဲ့ကွာ''

......

''အကုန်ရောင်းကုန်သွားပြီ ဒီမှာကြည့်''

ကားဂိတ်ကလက်မှတ်ရောင်းတဲ့လူကသူ့လက်ထဲကစာအုပ်ကြီးကိုဂယူဗင်းမျက်လုံးထဲဝင်တော့မတတ်ပြရင်းပြောလာတာမို့ဂယူဗင်းအလျင်အမြန်ဘဲ...

''ကျွန်တော် မတ်တပ်ရပ်လိုက်ပါ့မယ်''

လူတွေကလည်းအများကြီးဂယူဗင်းနောက်ကနေတိုးနေတော့သည်။သူလည်းဘယ်လိုလုပ်ပေးရမှန်းကိုမသိတော့။အခုချိန်မှာသူ့အဖေကိုသာသူအတွေ့ချင်ဆုံးဘဲ။

''အတိုက်အခံမလုပ်ကြပါနဲ့ဗျာ ပွဲတော်ရက်ကြီးလေ ကားလက်မှတ်တွေကရောင်းကုန်နေပြီ''

''လမ်းကြုံခရီးသည်လိုမျိုးရော အဲ့လိုလည်းရပါတယ်''

ဂယူဗင်းအလျင်အမြန်ပြောလိုက်တော့ကားလက်မှတ်ရောင်းတဲ့လူကစောနကစာအုပ်ကြီးကိုနှစ်ရွက်၊သုံးရွက်လောက်လှန်ပြလာသည်။ပြီးမှ...

''ဒီမှာမနက်ဖြန်မနက်ထွက်မှာ စောင့်ချင်ရင်စောင့်လေ ကံကောင်းပါစေ''

Somewhere, Someone in lovedWhere stories live. Discover now