Chapter 5

168 21 14
                                    

Commentပိစိလေးတွေတောင်မရေးကြတော့ဘူးနော် အဟွန်း!!

''အား!!!!"

ရုတ်တရက်ကြီးသူ့အဖေအကြောင်းပြောနေရင်းနဲ့ထအော်လာတာမို့ဂယူဗင်းလန့်သွားရတော့သည်။ကားထဲကလူတွေကလည်းသူတို့ကိုလှည့်ကြည့်လာတာမို့ရဂယူဗင်းအားနာပြုံးပြုံးပြရင်းလက်နဲ့နားထင်ကိုထောက်လို့အနည်းငယ်လှုပ်ပြလိုက်သည်။နားလည်လောက်ပါတယ်လေ။

''ခင်ဗျား သိလား ဂယူ အဲ့တာကျွန်တော့်ဦး​ငယ်ရဲ့ပထမဆုံးအနမ်းလေ အရမ်းရိုမန့်တစ်ဖြစ်တာဘဲ''

''အဲ့တာခဏထားပါ ငါ့အမေရဲ့ဘီပါကဘာလို့မင်းဦးလေးဆီရောက်နေတာလဲ''

ဂယူဗင်းအဲ့အချက်ကိုနားမလည်ဘူး။ဘာလို့လဲ ။ဒီကောင်လေးလျှောက်ပြောနေတာများလား။

''ဖြစ်နိုင်တာတော့ ဂယူ့မိဘတွေလမ်းခွဲတဲ့အချိန်မှာ အန်တီချွမ်လုကအကုန်လုံးဖျက်ပစ်ချင်ပုံရတယ် အဲ့တာကြောင့်သူဘီပါကိုရောင်းလိုက်တာနေမယ် ကျွန်တော်ဦးငယ်ကအဲ့တာကိုမသိဘဲဝယ်လိုက်မိတာ အန်ကယ်လ်ဂျီဝွန်းကလည်းရောင်းလိုက်တာမသိဘူးနေမယ် အဲ့တာကြောင့်ဇာတ်လမ်းရှုပ်သွားတာဖြစ်မယ်''

''အကုန်တလွဲတွေကြီးဘဲ''

ဂယူဗင်းအတွက်တော့ထိုကောင်လေးရောသူ့ဦးလေးရောကစိတ်ရှုပ်စရာကောင်းသည်။

''အဲ့တာတလွဲဖြစ်တာမဟုတ်ဘူး ကံကြမ္မာလို့ခေါ်တာ ရိုမန့်တစ်ဆန်ချက်ဘဲ ''

''ငါ့အမေကခံစားခဲ့ရတာကို နာကျင်နေတာကို ရိုမန့်တစ်တဲ့လား''

ဂယူဗင်းကအော်တော့ထိုကောင်လေးကသူ့ကိုမကျေနပ်သလိုကြည့်လာသည်။

''ကျွန်တော့်ဦးငယ်ကပိုခံစားခဲ့ရတာပါနော်''

''အနမ်းခံရတာကြီးက ခံစားရတာပေါ့လေ''

''ခင်ဗျားအဖေ ဘာလို့ကျွန်တော့်ဦးငယ်ကိုထနမ်းလဲရောသိရဲ့လား''

ယူဂျင်းဟာဂယူ့စကားကြောင့်မကြေမချမ်းဖြစ်သွားပုံပေါ်သည်။နဂါးမျက်စောင်းဝင့်ရင်းထပ်ပြောပြလာသည်။

<<<<<<<<<

ချွမ်ရွေ့အတင်းထုရိုက်ပြီးရုန်းကန်လို့မောဟိုက်လာမှကင်မ်ဂျီဝွန်းဟာသူ့ကိုလွှတ်ပေးလာရင်းသူ့ပုခုံးပေါ်ခေါင်းတင်ကာချွမ်ရွေ့ကိုဖက်ထားတော့သည်။မသိရင်သူတို့အခုထိနမ်းနေသေးပုံတောင်ပေါ်သည်။အမှန်က ကင်မ်ဂျီဝွန်းကသူ့ကိုစကားပြောချင်နေပုံရသည်။

Somewhere, Someone in lovedWhere stories live. Discover now