Chapter 10

151 18 1
                                    

''ခင်ဗျား ဘာထဖြစ်တာလဲ''

''မင်းဖယ်စမ်းပါ!!''

''ခင်ဗျားမဖြေရင်မဖယ်ပေးဘူး ခင်ဗျားအဖေကိုတူတူသွားတွေ့ဖို့လုပ်ထားတာလေ မဟုတ်ရင်ကျွန်တော့်ဦးငယ်နဲ့ဘယ်လိုလုပ်တွေ့လို့ရတော့မှာလဲ''

ဂယူဗင်းရှေ့ကပိတ်ရပ်နေတဲ့ကောင်လေးကိုဘေးကိုတွန်းဖယ်ပစ်လိုက်သည်။အခုချိန်သူ့စိတ်ကအဆိုးရနေတာမဟုတ်ဘူး။သူလုပ်ရင်ထိုကောင်လေးနာတော့မှာ။

''မင်းဦးလေး မင်းရဲ့စောက်ဦးလေးအကြောင်းကြီးဘဲ အခုထိတောင်ငါ့ဘဝကိုလိုက်ဒုက္ခပေးနေတာ''

''ကျွန်တော့်ဦးငယ်ကိုအဲ့လိုမပြောနဲ့ သူခင်ဗျားကိုဘာမှလုပ်မနေဘူး''

ဂယူဗင်းရဲ့ခြေလှမ်းကျဲကြီးတွေကိုထိုကောင်လေးကအမှီလိုက်ရင်းပြောနေတာမို့ဂယူဗင်းစိတ်ကပိုတိုလာရတော့သည်။အထုတ်တွေအကုန်ပစ်ချလိုက်ပြီးထိုကောင်လေးရဲ့ပုခုံးနှစ်ဖက်ကိုအားနဲ့ညစ်လို့ဂယူဗင်းခံစားရသမျှပြောဖို့ပြင်လိုက်သည်။

''သူလုပ်တာပေါ့ ငါ့အမေနေတိုင်းငိုနေတာလဲသူ့ကြောင့်ဘဲ ငါ့အဖေကသူ့ကိုတကယ်မချစ်ဘူးလို့ငါ့အမေအမြဲပြောပြနေတာ သူကငါတို့နဲ့အတူနေနေပေမဲ့ နှလုံးသားကတော့အဲ့ 'ချွမ်'နားဘဲရောက်နေတာ ''

''ကျွန်တော်ပြောသမျှ ခင်ဗျားနားထောင်ပြီးပြီဘဲ ဒါကျွန်တော့်ဦးငယ်အမှားမှမဟုတ်တာ''

''ဟုတ်တယ် ငါသိသမျှကအလိမ်အညာတွေလို့ငါထင်နေပြီ ငါအဖေကိုငါအဖြစ်မှန်တွေမသိဘဲ ငါမုန်းနေခဲ့မိတာ အခုငါ့ကိုငါမုန်းနေပြီ ငါကသားဆိုးတစ်ယောက် သူနဲ့နောက်ဆုံးတွေ့တဲ့အချိန်တုန်းကငါ့ပြောခဲ့မိတာက သူသေသွားရင်ကောင်းမှာဘဲလို့လေ အမေ့အစားသူသေသွားသင့်တာလို့ပြောလိုက်မိတာ''

ယူဂျင်းပုခုံးပေါ်ကလက်တွေကအားလျော့သွားပြီးမျက်ရည်တွေတသွင်သွင်ကျကာပြောနေတဲ့ထိုလူကတော်တော်လေးနောင်တရနေဟန်တူသည်။ပြီးတော့တော်တော်လေးစိတ်ခံစားလွယ်ပြီး စိတ်ထိခိုက်နေတယ်။

''ငါ့အဖေသေသွားဖို့ငါဆုတောင်းခဲ့ဖူးတယ် ဒါပေမဲ့အခုတော့သူအသက်ရှင်နေတာလေးဘဲမြင်ချင်တော့တယ် ငါမှားသွားကြောင်းတောင်းပန်ချင်တယ် မင်းကမင်းဦးလေးနဲ့အဖေတွေ့နိုင်အောင်လို့သူ့ကိုရှာချင်တာနော် ငါကတော့ငါ့အဖေအသက်ရှင်နေတာကိုမြင်ချင်လို့ဘဲ''

Somewhere, Someone in lovedWhere stories live. Discover now