Part 6(Unicode)

3.5K 237 21
                                    

စောစောစီးစီး ဈေးဝယ်ထွက်ပြီး ချက်ပြုတ်လုပ်ကိုင်ဖို့ပြင်ဆင်နေတဲ့ အဒေါ်ဖြစ်သူ'သိင်္ဂီယဉ်မင်း'ကိုကြည့်ပြီး တုံတုံ တအံ့တသြဖြစ်နေလေသည်။ မနေ့က ညနေဘက် သူကျူရှင်ကနေပြီးပြန်လာတဲ့ အချိန်ကတည်းက သူ့အဒေါ်စတင်ပြောင်းလဲလာတာကို တုံတုံသတိထားမိပါသည်။ သူချက်ပြုတ်ပြင်ဆင်ပေးထားခဲ့တဲ့ နေ့လည်စာကို ကုန်အောင်စားထားရုံတင်မက ညစာကိုလည်း သူနဲ့အတူတူဆင်းစားသည်လေ။ မနက်ကလည်း'နောက်ဆိုရင် ဈေးသွားချက်ပြုတ် လျှော်ဖွတ်တာအားလုံးကို တီတီပဲလုပ်တော့မယ်။ တုံတုံက ကျောင်းစာကိုပဲ တစိုက်မတ်မတ်လုပ်တော့နော်'ဆိုပြီးပြောခဲ့တဲ့ အဒေါ်ဖြစ်သူရဲ့စကားကြောင့် တုံတုံတအံ့တသြဖြစ်ခဲ့ရသည်။ ယခုလိုမျိုး သူ့အဒေါ်ပြောင်းလဲလာတာကိုမြင်ရတော့ ထိုကလေးလည်းဝမ်းသာလို့နေပါသည်။

နေ့လည်စာ ချက်ပြုတ်ပြီးချိန်မှာတော့

" သမီးတုံတုံ .. ဟိုဘက်အိမ်ကညီမလေးကို ဒီဟင်းလေးတွေ သွားပို့ပေးလို့ရမလား ? "

ကြက်ဘူးသီးချက်နဲ့ မှိုကန်စွန်းရွက်ကြော်တို့ကို တစ်ပန်းကန်စီသပ်သပ်ရပ်ရပ်လေးထည့်ထားပြီး သူ့တူမလေးကို သိင်္ဂီ လှမ်းခေါ်ပြောလိုက်သည်။ ကလေးကလည်း မငြင်း။ ချက်ချင်းပြုံးရွှင်သောမျက်နှာလေးနဲ့ ခေါင်းညိတ်ပြပြီး ဟင်းပန်းကန်လေးတွေကိုင်ကာ အိမ်ထဲမှထွက်သွား၏။ ခဏနေတော့ မသာမယာမျက်နှာနဲ့ ပြန်ရောက်လို့လာပါသည်။

" တီတီ .. မမဂရေ့စ် နေမကောင်းဘူး။ ဖျားနေတယ် "

တုံတုံရဲ့စကားကြောင့် သိင်္ဂီ မျက်လုံးလေးတွေဝိုင်းစက်လို့သွားသည်။ စိတ်ပူသွားဟန်ဖြင့်

" တော်တော်ဖျားနေသလား ? "
" ဟုတ် .. နဖူးစမ်းကြည့်လာသေးတယ်။ ပူခြစ်တောက်နေတာပဲ။ ဆေးခန်းလိုက်ပို့ပေးမယ်ပြောတာကို လက်မခံဘူး "

" ဟင် .. "

သူ့တူမရဲ့စကားကိုနားထောင်ပြီး သိင်္ဂီ တစ်စုံတစ်ခုကိုတွေးတောဟန်ပြုကာ သက်ပြင်းချလိုက်သည်။ ထို့နောက်ဟင်းပန်းကန်များကို အုပ်ဆောင်းလေးအုပ်၍ အိမ်ရှေ့သို့ထွက်လာလိုက်ပြီး ဧည့်ခန်းစားပွဲပေါ်တင်ထားတဲ့ဖုန်းနဲ့ ပိုက်ဆံအိတ်လေးကိုယူကာ

ချစ်ခြင်းရှိရာသို့Donde viven las historias. Descúbrelo ahora