Part 4(Unicode)

3.5K 261 8
                                    

" အစ်မရေ ... အစ်မ "

တုံတုံရဲ့ခေါ်သံစူးရှရှကြောင့် အိမ်အပြင်သို့ သူမအလျင်အမြန်ထွက်ကြည့်မိလိုက်သည်။ ခြံတံခါးဝမှာရပ်နေတဲ့ တုံတုံရဲ့မျက်နှာက ဖြူစုပ်နေပြီးတစ်ခုခုကို ထိတ်လန့်နေပုံရသည်။

" ဘာဖြစ်လို့လဲ တုံတုံ ? "

" ဘွားဘွား .. ဘွားဘွား ခေါ်လို့မရတော့ဘူး "

" ဟေ "

တုံတုံရဲ့စကားကြောင့် သူအထိတ်တလန့်ဖြစ်သွားခဲ့သည်။ ထိုနေ့က သူကိုယ်တိုင်ပင် လမ်းထိပ်က ဆရာဝန်ကို အမြန်ပြေးပင့်ပေးခဲ့ပါသည်။ သို့ပေမဲ့ ကြီးကြီးနွယ်ရဲ့အသက်ကို မမီလိုက်တော့။ ဆရာဝန်နဲ့အတူတူ သူအိမ်သို့ရောက်သွားသည့်အချိန်မှာ ကြီးကြီးနွယ် ကအသက်မရှိတော့ပါ။

ဒီလိုနဲ့ 'သိင်္ဂီယဉ်မင်း' ဆိုတဲ့အမျိုးသမီးကို ပြန်တွေ့နိုင်ဖို့အတွက် အကြောင်းအရင်းတစ်ခုက ဖြစ်တည်လာခဲ့ပါသည်။ ကောင်းမွန်တဲ့အကြောင်းအရင်း မဟုတ်ခဲ့တာကတော့ စိတ်မကောင်းစရာပင်။

X X X X X

ဘ၀မှာ အရမ်းကိုပြန်တွေ့ချင်ခဲ့သည့် အမျိုးသမီးကို တကယ့်တကယ်တမ်းပြန်တွေ့ဆုံခွင့်ရတဲ့အချိန်မှာတော့ ပျော်ရွှင်မှုက ဖြစ်ပေါ်မလာခဲ့ပါ။ ခြံထဲမှာရွက်ဖျင်တဲထိုးထားတဲ့ နာရေးအိမ်ကို ရောက်လာတဲ့ထိုအမျိုးသမီးဟာ ညှိုးငယ်နွမ်းလျစွာပင်။ မျက်နှာတစ်ပြင်လုံးနီရဲနေပုံမှာ အများကြီးကြေကွဲဝမ်းနည်းစွာဖြင့် ငိုကြွေးထားပုံပေါ်၏။ တစ်လောကလုံးမှာရှိတဲ့ အပူတွေအားလုံးဟာ ထိုအမျိုးသမီးထံမှာ လာရောက်စုပြုံရောက်ရှိနေသလားဟု ထင်မှတ်ရလောက်အောင်ပင်။ အနက်ရောင်ဘလောက်စ်အင်္ကျီလေးနဲ့ အညိုရောင်ပေါ်အနက်ပွင့်လေးတွေပါသောချည်ထည်လုံချည်ကို ၀တ်ဆင်ထားသော ထိုအမျိုးသမီးဟာ အိမ်ထဲသို့အပြေးဝင်ချသွားပြီး မိခင်ရဲ့အလောင်းကိုဖက်ကာ ငိုကြွေးနေပါတော့သည်။ သူမရဲ့ငိုကြွေးသံဟာ ရင်ကွဲနာကျနေသည့် လူတစ်ဦးနှယ် .. ။

" အမေရယ် .. သမီးတောင်းပန်ပါတယ်။ သမီးအသုံးမကျခဲ့တာပါ .. အမေ့ကိုတစ်နေ့ကျပြည့်စုံအောင်ထားနိုင်ဖို့အတွက်ဆိုပြီး အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေကို နေ့နေ့ညညကုန်းရုန်းလုပ်နေမိတယ်။ အမေ့ဆီကျတော့တစ်လတစ်ကြိမ်လေးတောင် မှန်အောင်မလာနိုင်ခဲ့ဘူး။ အခုတော့ အမေမရှိတော့ဘူး .. သမီးကုန်းရုန်းရှာဖွေခဲ့တာတွေက အလကားဖြစ်ပြီ .. အကုန်အလကားဖြစ်ပြီ အမေရယ် "

ချစ်ခြင်းရှိရာသို့Donde viven las historias. Descúbrelo ahora