ဖုန်း contact မှာ 'နှင်းဟန်သွယ်' ဟုအမည်တပ်ထားသော contact လေးကို ဂရေ့စ် နှိပ်လိုက်သည်။
" တူ ... တူ .. ဟဲလို .. "
" ဟဲလို ဂရေ့စ် .. "
တစ်ဖက်မှ ကြည်လင်ပြီးချိုသာတဲ့ နှင်းဟန်သွယ်ရဲ့ အသံက ဖုန်းထဲမှ ထွက်ပေါ်လို့လာသည်။" မနှင်း ကို ဂရေ့စ် တစ်ခုလောက်အကူအညီ ထပ်တောင်းရဦးမယ်ထင်တယ် "
" ဘာများလဲ ဂရေ့စ် ရဲ့ ပြောလေ "
" ရှေ့အပတ်ကျရင် ဂရေ့စ် မမသိင်္ဂီ နဲ့အတူ ခရီးတစ်ခုထွက်ဖို့ စီစဉ်နေတာ။ တောင်ကြီးမီးပုံပျံပွဲကို သွားချင်လို့လေ .. အဲ့ဒါ မနှင်းရဲ့အကူအညီလိုအပ်နေတယ်။ ခရီးသွားဖို့အတွက် မနှင်း တို့ခရီးသွား company ကကားတစ်စီးနဲ့ချိတ်ချင်တယ်။ ပြီးတော့ တောင်ကြီးမြို့ရဲ့ အကောင်းဆုံး ဟိုတယ်တစ်ခုမှာ ဘိုကင်လေးကြိုတင်ပေးထားလို့ရနိုင်မလား .. "" ရတာပေါ့ ဂရေ့စ်ရဲ့ .. အစ်မ အကုန်စီစဉ်ပေးပါ့မယ်။ တောင်ကြီးမီးပုံးပျံပွဲကို သွားချင်တာဆိုတော့ ဂရေ့စ်တို့ တန်ဆောင်မုန်းလပြည့်နေ့ မတိုင်ခင်တစ်ရက်လောက်က ကြိုပြီးထွက်သင့်တယ်။ ဟိုတယ်ကတော့ အဆင်ပြေတဲ့ Five star ဟိုတယ်သုံးခုလောက်ရှိတယ် .. ဂရေ့စ် ရွေးချယ်လို့ရအောင် websit link လေးတွေကို အစ်မပို့ထားပေးမယ်လေ "
" ဟုတ်ကဲ့ ကျေးဇူးပါ အစ်မ "
" တောင်ကြီးဆိုတော့ အင်းလေးနဲ့တောင် တော်တော်နီးနေပြီပဲ။ တောင်ကြီးမှာ ၂ ညလောက်အိပ်ပြီး အင်းလေးမှာ ၁ ညလောက်အိပ်ချင်လား ? အင်းလေးက view တအားလှတယ်။ ဂရေ့စ်သဘောကျလိမ့်မယ်လို့ အစ်မထင်တယ် "မနှင်းဟန်သွယ် ကတက်ကြွသောအသံလေးနဲ့ ပြောနေတာကို နားထောင်ရင်း ဂရေ့စ် ပြုံးလိုက်မိပါသည်။
" မနှင်း ညွှန်းတယ်ဆိုတော့ သွားကြည့်ချင်မိတယ် .. အင်းလေးမှာ တည်းရမဲ့နေရာကိုတော့ မနှင်းပဲ ထပ်စီစဉ်ပေးပါဦးနော် "
" အင်းလေးမှာ ရေပေါ်ဘန်ဂလိုလေးတွေနဲ့ ဟိုတယ်တစ်ခုရှိတယ် ... အစ်မကိုယ်တိုင်လည်း အင်းလေးဘက်ရောက်ရင် အဲ့မှာပဲ တည်းဖြစ်တယ် service လည်းမဆိုးပါဘူး ... link လေးတွေ တွဲပြီး ပို့ပေးထားမယ်လေ။ ပုံလေးတွေ ကြည့်လို့ရအောင်လို့ "
" အိုခေပါ မနှင်း ... ကျေးဇူးတင်ပါတယ် "
" အောင်မလေး အချင်းချင်းတွေကို ကျေးဇူးတွေ ခဏခဏတင်နေပြန်ပြီ .. တွေ့ခါမှ တစ်ဝိုင်းကျွေးဖို့ပြင်ထားပါ ပြင်သစ်သူကြီးရေ "

KAMU SEDANG MEMBACA
ချစ်ခြင်းရှိရာသို့
Romansaငယ်စဥ်အချိန်ကတည်းက တွယ်ငြိခဲ့တဲ့ သံယောဇဥ်နွယ်ကြိုးလေးတစ်ချောင်းက အချိန်ကြာမြင့်သွားသည့်တိုင်အောင် ခိုင်မြဲစွာ တည်ရှိနေဆဲပင်။ #Moe #JE_Rain