3

770 33 0
                                    

[Unicode]

"ကဲ...!! ကလေးတို့ရေ...တီချယ်တို့ တောကို လုံခြုံရေးခနသွားကြည့်အုံးမယ်... ဘယ်မှလျှောက်မသွားကြနဲ့နော်။ ခနနေရင်တီချယ်တို့ပြန်လာမှာ... ကိုယ့် Tent လေးတွေ ဆောက်ထားကြ"

အရှေ့ကနေ ဆရာမက တတွတ်တွတ်အော်ပြောနေပေမဲ့ ကျောင်းသားတွေကတော့ သူတို့အလုပ်နဲ့သူတို့ ရှုပ်ယှက်ခပ်နေသည်။ ကားပေါ်ကဆင်းဆင်းချင်း Tent တန်းဆောက်တဲ့လူကဆောက်... ဓာတ်ပုံရိုက်တဲ့လူကရိုက် ပြေးတမ်းလွှားတမ်းဆော့နေတဲ့လူကဆော့နဲ့။ ဆရာမလဲ အော်ပြောရတာမသက်သာလှတော့။

"ဟေး...!!! တီချယ်ပြောတာကြားကြလား ကလေးတို့...စခန်းချမဲ့နေရာကအန္တရာယ်ကင်းမကင်း သွားစစ်ချင်လို့။ ခြင်တစ်ကောင်ကြွက်တစ်မှီး ဒီနားကနေတစ်ယောက်မှ တစ်ဖဝါးမှမခွာကြနဲ့နော်"

"ဟုတ်ကဲ့ပါ!!!!"

ထိုအခါမှ တစ်အုပ်စုလုံးပြန်ထူးတော့သည်။

ဘယ်လောက်ပဲ အန္တရာယ်မရှိပါဘူးဟု အာမခံထားသည့် တောအုပ်ပင်ဖြစ်နေပါစေ။ သတိဆိုတာ ပိုသည်မရှိဘူးမဟုတ်လား။ ကလေးတွေကလဲ စည်းမစောင့်တတ်တာကြောင့် တောခြောက်မှာလဲ ကြောက်ရသေးသည်။

ဆရာမနဲ့အတူပါလာတဲ့ တခြား ဆရာ၊ဆရာမတွေကတော့ စခန်းချထားတဲ့နေရာခပ်ဝေးဝေးလောက်မှာ လိုက်လံစစ်ဆေးနေကြသည်။ ကားဆရာနဲ့ ဆရာတစ်ယောက်ကတော့ ကားပေါ်မှာပင်နေရင်း ကလေးတွေကိုစောင့်ကြည့်နေသည်။

"ထယ်ယောင်း!"

ဂျောင်ကုက Tent ဆောက်လုပ်ရမည့်အပိုင်းအစလေးတွေကို ဟိုကိုင်ဒီကိုင်လုပ်ပြီး ခေါင်းကုတ်နေတဲ့ ထယ်ယောင်းဆီအပြေးလာ၍စကားလာပြောသည်။

"ပြောလေ...ဂျောင်ကု"

"ငါ့မှာ Tentမပါလာဘူး။"

ဂျောင်ကုရဲ့စကားကြောင့် ထယ်ယောင်းကြောင်အမ်းအမ်းဖြစ်သွားသည်။ တစ်ညအိပ်နှစ်ရက် ခရီးပါဆို... Tent မပါလာတာ သူတော်ကောင်းလုပ်ရပ်ပဲ။

"အဲ့တာ မင်းဘယ်လိုလုပ်မတုံး"

ထယ်ယောင်းက ထိုသို့ပြန်မေးလိုက်တော့

"အဲ့တာ... ညကျ မင်းရဲ့ Tentထဲမှာ မင်းနဲ့အတူလာအိပ်မယ်"

ဂျောင်ကုရဲ့စကားကြောင့် ထယ်ယောင်းစဉ်းစားရကျပ်သွားသည်။ ရည်းစားဆိုပေမဲ့ ဒီလိုကြီးကျတော့ သူ့အတွက်သိပ်အဆင်ပြေမနေ။ ယောက်ျားလေးချင်းဆိုပေမဲ့လဲ... အနေခက်သည်။

I have a possessive EX(Completed) Where stories live. Discover now