17

651 26 0
                                    

[Unicode]

ထယ်ယောင်း၏ နေအိမ်အတွင်း၌...

တစ်အိမ်လုံးသည် အပ်ကျသံပင်ကြားရလောက်သည်အထိတိတ်ဆိတ်လွန်းလှသည်။ သို့သော်လူမရှိလို့မဟုတ်...ဧည့်ခန်းဆိုဖာ၌ လူလေးယောက် တစ်ဖက်နှစ်ယောက်ဆီထိုင်နေကြ၏။

ထယ်ယောင်းတစ်ယောက် ဂျောင်ကု၏ လက်ကိုတင်းတင်းဆုပ်ကာ ဖေဖေ့ကိုကြည့်နေမိသည်။ ဖေဖေသည် ဘယ်အချိန်ထပေါက်ကွဲမလဲမသိတဲ့ ဗုံးတစ်ခုလို။ မျက်နှာဟာ တင်းမာနေ၏။
ဖေဖေဟာ သူ့ကိုတောင် မကြည့်ပါဘဲ ဂျောင်ကုကိုသာ စိုက်ကြည့်နေ၏။

မေမေကတော့ မျက်ခုံးတွေတွန့်ချိုးကာ သက်ပြင်းတွေသာ ခနခနချနေသည်။ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူကား...ဖေဖေ...

"မင်းတို့လက်ထပ်ဖို့ကိစ္စကို ငါတို့လက်ခံမယ်လို့ ဘယ်လိုတောင်တွေးလိုက်တာလဲ..."

ဖေဖေ့အသံဟာ ဒေါသမပါပေမဲ့ ခက်ထန်သောလေသံဖြင့်...။

" မင်းတို့တွေက သူငယ်ချင်းတွေပဲ။ အခုဘယ်လိုဖြစ်ရတာလဲ..."

မေမေ့အသံဟာ တုန်ရီစွာ...

"ကျတော်တို့ လွန်ခဲ့တဲ့6နှစ်တဲက ချစ်သူရည်းစားတြွေဖစ်ခဲ့ကြတာပါ။"

"ဘုရားရေ!..."

ဂျောင်ကုဖြေလိုက်တဲ့စကားကြောင့် ထယ်ယောင်းအမေသည် နောက်ပြောမည့်စကားတောင် ဆက်မပြောနိုင်တော့။

" မင်းတို့တွေ ငယ်တော့တဲ့အရွယ်လဲမဟုတ်ဘူး...။လက်ထပ်တယ်ဆိုတာ ပေါ့ပေါ့တန်တန်သဘောထားလို့မရဘူးဆိုတာမင်းတို့သိပါတယ်။"

ထယ်ယောင်းအဖေဟာ စဉ်းစားပြီးမှတစ်ခါထပ်ပြောသည်။

"ကျတော်သိပါတယ်...။ ကျတော်တို့နှစ်ယောက်ရှေ့ရေးအတွက် ကျတော်အားလုံးစီစဉ်ပြီးသွားပါပြီ။ ကျတော့်မှာ ကျတော့်အမျိုးသားအတွက် လုပ်ပိုင်ခွင့်၊အခွင့်အရေးတွေအားလုံး အတွက် ကျတော်အချိန်တော်တော်ကြာကြာကြိုးစားခဲ့ပြီးပြီ။ အခုကျန်နေသေးတာက ယောင်းနဲ့ကျတော် လက်ထပ်ဖို့ပါပဲ"

ထယ်ယောင်းတစ်ယောက်ဘာမှဝင်မပြောမိ။ ယခုလက်ရှိအခြေအနေသည် ဂျောင်ကုနဲ့ထယ်ယောင်းအဖေ အကြည့်ခြင်းတိုက်ပွဲဖြစ်နေ၏။ ကြားထဲမှာ အမေဖြစ်သူနဲ့ ထယ်ယောင်းဟာ နေစရာနေရာမရှိ။ ဖြစ်နိုင်ရင် ထယ်ယောင်း အခုချက်ချင်းတောင် ဒီနေရာက ထွက်သွားရတာမျိုးပဲဖြစ်ဖြစ်၊ အငွေ့ပြန်သွားတာပဲဖြစ်ဖြစ် ဖြစ်ချင်မိပါသည်။

I have a possessive EX(Completed) Where stories live. Discover now