Final

1K 28 0
                                    


[Unicode]

"ယောင်း... မောင့်ကိုမရစ်နဲ့ကွာ။ မောင် တကယ်သွားမြှဖစ်မှာ...အဲ့ကိစ္စက မာရီယာတစ်ယောက်ထဲနိုင်မှာမဟုတ်ဘူး"

"ဟင့်အင်း...ဟင့်အင်း...မောင်အခုသွားမယ်ဆို ယောင်းနဲ့မောင် သေခန်းပြတ်ပဲ..."

ဂျွန်ဂျောင်ကုတစ်ယောက် စိတ်ရှုပ်နေပြီဖြစ်သည်။ သူလွန်မှန်းတော့သိပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့က ယောင်းနဲ့သူ့ရဲ့ မင်္ဂလာဦးည...။ ဒါပေမဲ့ companyမှာ brandအသစ်ထုတ်ပြီးကာ ပြဿနာတွေကပေါ်လာတာမို့ ညချင်းမာရီယာ့ဆီသွားရမည်။ မာရီယာတောင် အဲ့ကိစ္စကြောင့် သူ့ရဲ့မင်္ဂလာပွဲတောင် မလာနိုင်။

ထယ်ယောင်းသည် မင်္ဂလာဝတ်စုံအဖြူလေးနှင့် ချောတာထက်ချစ်ဖို့ကောင်းနေ၏။ ဂျောင်ကုကို စိတ်ဆိုးတာကြောင့် နှုတ်ခမ်းလေးကလဲအရှေ့ကိုတစ်တောင်လောက်ထွက်နေသေးသည်။
လူကို ယူတုံးကယူထားပြီးတော့ အခုကျ မင်္ဂလာဦးညကို ဒင်းက အလုပ်ကိုသွားချင်သေးတယ်။

"မောင်... သွားချင်ရင်လဲသွားပေါ့... ယောင်းမတားပါဘူး"

ဂျောင်ကု၏မျက်လုံးများ ဝင်းလက်သွားရသည်။

"ပြီးရင်တော့ ယောင်းဆီဘယ်တော့မြှပန်မလာနဲ့..."

ကိုယ့်ရှေ့က ဝက်ဝံဖြူလေးကို ဂျောင်ကုအသဲလဲယားသလို စိတ်လဲတိုချင်တယ်။ ခနလေးသွားပြီးပြန်လာပါမယ်ဆို သူလေးက လူကိုရစ်နေတယ်။ အခုလဲကြည့် သွားပြီးရင်ပြန်မလာနဲ့တဲ့။ ဒါပေမဲ့ စိတ်မတိုရက်ပါ။ ချစ်တာကိုး...

ဂျောင်ကု ထယ်ယောင်းအား ဘာမြှပန်မပြောဘဲ ဖုန်းကိုယူကာ အခန်းပြင်ထွက်သွားတော့၏။ ထယ်ယောင်းမှာတော့ပွက်ပွက်ဆူကာ ကျန်နေခဲ့သည်။

"မကောင်းတဲ့လူ!!...တော်ပြီ...တော်ပြီ... မင်းနဲ့အခုချက်ချင်းကွာရှင်းမယ်။ လူကိုမရခင်တုံးက တစ်မျိုး ရပြီးတော့တစ်မျိုး..."

ထယ်ယောင်းသည် အခန်းအတွင်း၌ကျယ်လောင်စွာအော်ဟစ်ပြောဆိုနေ၏။ ခနအကြာမှာတော့ ဂျောင်ကုအခန်းထဲပြန်ဝင်လာသည်။ အဲ့တာကိုထယ်ယောင်းတွေ့တော့...

"ဘာလဲ...ဘာလို့ပြန်လာတာလဲ...သွား...ထွက်သွား...ငါ့အခန်းထဲဝင်မလာနဲ့...။ မင်းဟာမဆီသာသွားစမ်းပါ"

I have a possessive EX(Completed) Where stories live. Discover now