[Unicode]
ထယ်ယောင်းတစ်ယောက် အလုပ်စားပွဲပေါ် မေးတင်ကာ ဂျောင်ကုကို စိုက်ကြည့်၍ ဘယ်လိုဖွင့််ပြောရင်ကောင်းမလဲစဉ်းစားနေ၏။
ဒါမှမဟုတ်လဲ မပြောဘဲဒီတိုင်းလေးပဲဆက်နေသွားလိုက်ရင်ကောင်းမလား။
အခု ဒီဆက်ဆံရေးကြီးက ဘယ်လိုကြီးလဲ ဆိုတာ ထယ်ယောင်းကိုယ်တိုင်တောင် နားမလည်တော့။
ချစ်သူရည်းစားဘဝတုံးက နာမ်စားတွေနဲ့ တစ်ခါတစ်လေ ဂျောင်ကုက ပိုင်စိုးပိုင်နင်းခေါ်တတ်ပေမဲ့ မာရီယာကရော...မာရီယာနဲ့ပတ်သက်ပြီး ထယ်ယောင်းသိထားတာကတော့ ဂျောင်ကု၏ကျောင်းနေဖက်သူငယ်ချင်း၊ companyရဲ့ ရှယ်ယာဝင်တစ်ယောက် လို့သာ သိထားသည်။ ဂျောင်ကုက မာရီယာနဲ့ပတ်သတ်ပြီး တခြားအကြောင်း တစ်ခွန်းမှမဟပေ။
"ယောင်း!"
"ဟင်!"
ထယ်ယောင်းလဲ ရုတ်တရက်အတွေးတို့ပျက်ကာ ပါးစပ်ကနေ ကယောင်ကတမ်းဖြင့်ထူးလိုက်မိသည်။
နောက်တော့မှ သတိဝင်ကာ မျက်စောင်းမသိမသာထိုး၍ ကြည့်လိုက်၏။"ဘာတွေ တွေးနေတာလဲ?"
ထယ်ယောင်းလဲ ဂျောင်ကု၏စိတ်ကို တမင်သက်သက်စွချင်ကာ...
"crushကြီးကို ဘယ်လိုဖွင့်ပြောရင်ကောင်းမလဲစဉ်းစားနေတာ!"
ဂျောင်ကုမျက်နှာခက်ထန်သွားသည်။
"ဒါအလုပ်ချိန်...ကင်မ်ထယ်ယောင်း! ပေါက်ကရတွေတွေးဖို့ အချိန်မရှိဘူး"
ဂျောင်ကုရဲ့ ပြောင်းလဲသွားတဲ့ လေသံကြီးက ထယ်ယောင်းကိုအူမြူးစေသည်။
ဘာလဲ? သူက ငါ့ကို သဝန်တိုနေတုံးပဲပေါ့။ ဒါမှမဟုတ်...သူလဲ ငါ့လိုပဲ ငါ့အပေါ်...နောက်ဆက်တွဲပေါ်လာတဲ့အတွေးကြောင့် ထယ်ယောင်းပြုံးမိသွားသည်။ ဒါမဖြစ်နိုင်တဲ့ ကိစ္စမှမဟုတ်ဘဲ။အလုပ်စဝင်ကတည်းက သူ့အပေါ် ဂျောင်ကုဆက်ဆံခဲ့သည့်ပုံကိုပြန်ခြုံပြီးသုံးသပ်ကြည့်လိုက်ရင် ဒါတွေဟာ ခံစားချက်တွေမကုန်သေးလို့ပဲ။ အမှန်တကယ်သာ ဒီလိုဆိုရင် သူရှေ့ဆက်တိုးဖို့ အခွင့်အရေးရပြီလေ။
ကင်မ်ထယ်ယောင်းတို့က အရိပ်မပြလဲ အကောင်မြင်တတ်ပါတယ်နော်...
YOU ARE READING
I have a possessive EX(Completed)
FanfictionJeon Jungkook × Kim Taehyung /KV/ {Unicode & Zawgyi}